'ညီမလေးရော'
'မမလေး ပန်းချီဆွဲတဲ့အခန်းထဲမှာပါ'
'ပန်းချီဆွဲနေတယ်လား'
'ဟုတ်'
သော်ကပန်းချီဆွဲရင်အကြောင်းတစ်ခုခုရှိမှဆွဲမှန်းသိကြတယ်
'ဝင်သွားတာဘယ်လောက်ကြာပြီလဲ'
'၃နာရီလောက်တော့ရှိပါပြီ'
ညီမဖြစ်သူက ပန်းချီဆွဲရင်ထမင်းစားဖို့ရေသောက်ဖို့အထိမေ့သည်ထိ စိတ်နှစ်ကာဆွဲတက်တယ်
'သွားသွား'
'ဟုတ်'
'ဒေါက်ဒေါက်'
'သော်လေးရေ မမဝင်ခဲ့မယ်နော်'
'အင်း'
အဖြေရသည်နှင့်ဝင်လာခဲ့တယ်
'ပုံဆွဲနေတယ်ဆိုလို့ '
ရူပါ ကြည့်လိုက်တော့
'ဒါက'
'တစ်နေ့ကပန်းလာဝယ်တဲ့တစ်ယောက်'
'သော် သဘောကျနေတယ်ဆိုတာက'
'အင်း သူပဲ'
'ဒီတော့ ပန်းချီဆွဲရတဲ့အကြောင်းအရင်းက'
'အရမ်းတွေ falling in love ဖြစ်နေလို့'
'သူ့ကိုအဲ့လောက်တောင်သဘောကျတာလား'
'မြတ်နိုးတယ် သူ့အပေါ်ထားတဲ့သော့်ခံစားချက်တွေကေလ သော့်ဘဝမှာတစ်ခါမှဖြစ်မလာဖူးဘူး သူနဲ့မှပထမဆုံးပဲ'
'ဒါဆို playနေတဲ့ကောင်မလေးတွေကိုအကုန်ဖျက်ပစ်လိုက်တာသူ့ကြောင့်ပေါ့'
'အင်း သူ့စိတ်ခုသွားမှာတစ်ခုမှမလိုချင်တာမို့ သူနဲ့ရည်းစားမဖြစ်ခင်ထဲကအကုန်ဇာတ်လမ်းဖျက်လိုက်တာ'
'သြော် ငါ့ညီမလေးချစ်တက်လာပြီပေါ့'
'ဒါပေါ့'
'နှုတ်ခမ်းဆွဲဖို့ကျန်နေသေးတယ်လေ အနီရောင်သုံးမလား ပန်းရောင်အဖျော့လေးသုံးမှာလား'
'သွေးရောင်'
ဘေးကချထားတဲ့ဓါးသေးသေးလေးကိုယူကာ သူ့လက်ညှိုးထိပ်ကိုလိုသလောက်လှီးဖျက်လိုက်ပြီး ထွက်လာတဲ့သွေးတွေနဲ့ နှုတ်ခမ်းကိုရေးဆွဲလိုက်တယ်
![](https://img.wattpad.com/cover/344329723-288-k121492.jpg)
YOU ARE READING
ထပ်ချစ်ခဲ့မည်ဆိုလျှင်
Romanceအကယ်၍ တို့ဘဝမှာထပ်ပြီးချစ်ခဲ့မယ်ဆိုရင်တောင် အဲ့လူကမင်းမဟုတ်ဘူး သို့သော် ပြုံးမဒီခင် သော်ကလဲ အန်တီကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်နိုင်ဘူး သို့သော်