ရုပ်ရှင်ရုံရှေ့ သော်ရောက်နေတာနာရီဝက်ကျော်နေပြီ အန်တီကတော့ခုထိမရောက်သေး ည၇နာရီငါးကြည့်ဖို့ချိန်းထားချင်းပင်
'အန်တီမရောက်သေးဘူးလား '
'တို့တောင်းပန်ပါတယ်သော်ရယ် ပန်ပန်မူးလဲသွားလို့ အန်တီဆေးရုံရောက်နေတယ် သူ့အမေကလဲလိုအပ်တာတွေပြန်ယူနေတာဆိုတော့ ဒီမှာအန်တီပဲလူစောင့်ရှိတယ်'
'သော်လာခဲ့မယ်လေ'
'ရတယ်ရတယ်သော် မလာနဲ့ ဆေးရုံကပိုးမွှားစုံတယ် အိမ်မှာပဲဘယ်မှမသွားပဲနွေးနွေးထွေးထွေးနေ ဟုတ်ပြီလား
ချစ်တယ်နော် အန်တီအားရင်ဆက်သွယ်လိုက်မယ်နော်'သူပြောချင်တာပြောပြီးဖုန်းချသွားတဲ့အန်တီ့ကိုစိတ်မဆိုးရက်ပါ
'ဝင်ကြည့်ရင်ကောင်းမလား ပြန်ရင်ကောင်းမလား'
အန်တီမပါပဲမကြည့်ချင်ပါလေ ဒါကြောင့်ဆိုင်ကယ်ထားတဲ့နေရာကိုလမ်းအကူး
'Ti.........'
သော့်ဆီအရှိန်နဲ့လာတဲ့ကားတစ်စီး သော့်ခြေလက်တို့လှုပ်မရတော့ပေ လမ်းမအလယ်ထက် သော် ကျောက်ရုပ်ဖြစ်နေလေပြီ သော်နောက်ဆုံးမြင်ခဲ့တာသော့်ဆီတည့်တည့်လာတဲ့ကားရဲ့မီးရောင်ပင်
'မမ ခင်ရေသွားဖြည့်ဦးမယ်'
ဆေးရုံခန်းထဲရေကုန်နေတာမို့လို့ရေဖြည့်ဖို့အောက်ထပ်ကိုဆင်းခဲ့တယ် အချိန်ကားည ၉ နာရီကျော်နေပြီ
'တူ တူ တူ'
'မိတ်ဆွေခေါ်ဆိုသောဖုန်းနံပါတ်မှာ'
ဖုန်းခေါ်တာခုထိမကိုင်
'အိပ်သွားပြီများလား'
'မမခင်'
'ရူပါ ကိုလတ်ရော ဆေးရုံဘာလာလုပ်ကြတာလဲ'
'သော်လေး'
'သူဘာဖြစ်လို့လဲ'
ဆေးရုံမှာသတိမေ့နေတယ်ဆိုလို့ ခင် လိုက်ခဲ့တယ်
'ကားတိုက်ခံရလို့ဆေးရုံရောက်လာတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့မိလားမသိဘူး'
YOU ARE READING
ထပ်ချစ်ခဲ့မည်ဆိုလျှင်
Romanceအကယ်၍ တို့ဘဝမှာထပ်ပြီးချစ်ခဲ့မယ်ဆိုရင်တောင် အဲ့လူကမင်းမဟုတ်ဘူး သို့သော် ပြုံးမဒီခင် သော်ကလဲ အန်တီကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်နိုင်ဘူး သို့သော်