'သော်'
'ဟုတ် အန်တီ'
'တို့ မင်းကိုလိုချင်တယ် တို့ကိုပေးမယ်မလား'
အန်တီ့လက်တို့က သော့်ခန္ဓာကိုယ်ပေါ် ယောက်ယက်ခက်နေတယ်
'အန်တီ'
'တို့ငြင်သာမှာပါ'
'အန်တီ့ အန်တီ!'
'ဘုတ်'
'အ'
ကုတင်ပေါ်ကနေပြုတ်ကျတဲ့သော်
'အမလေး နာတာ ဘာလား အိမ်မက်မက်နေတာလား
ဟူး တော်သေးတာပေါ့ အိမ်မက်ဖြစ်နေလို့ တကယ်သာဆိုမတွေးရဲစရာပဲ'အန်တီ့ဆီကပြန်လာတည်းကအိပ်လိုက်တာညနေ ၆နာရီထိုးမှသာနိုးတယ်
# အိမ်မက်ထဲထိဒုက္ခလိုက်ပေးတဲ့အန်တီ #
လို့ပဲစိတ်ထဲအကြိမ်ကြိမ်ရေရွတ်နေလိုက်တယ်'သော် နိုးပြီလား'
'ဟုတ် မမ
'အက်မယ် ဟုတ် တွေ ဘာတွေဖြေလို့ပါလား'
'အန်တီကအသက်ကြီးတဲ့သူတွေမေးရင် ဟုတ်လို့ဖြေရမယ်ပြောလို့'
'မမ က အသက်ကြီးတဲ့သူဖြစ်ပြီပေါ့'
'ဟင့်အင် မမက အိုသွားပြီ'
'ဒီကလေးမ '
'ချစ်လို့စတာ ချစ်လို့'
'လာလေ ညစာတစ်ခါတည်းစားသွား ပြီးရင် ကျူရှင်သွားကြိုမှာမလား'
'အင်း '
'ဒါနဲ့နှုတ်ခမ်းကဘာလို့ပေါက်နေရတာလဲသော်'
#အန်တီလုပ်တာလေ#
လို့ပြောချင်ပေမဲ့'ရေချိုးခန်းထဲချော်သွားတာ ဘေစင်နဲ့ဆောင့်မိတာ'
'သတိမထားဘူးကွယ်'
' ပျောက်သွားမှာပဲကို အော် ပြောဦးမယ် သော် သင်တန်းတပ်မလို့ စုံစမ်းပေးဦး'
'ဘာသင်တန်း'
'သိုးမွှေးသင်တန်းလေ'

YOU ARE READING
ထပ်ချစ်ခဲ့မည်ဆိုလျှင်
Romanceအကယ်၍ တို့ဘဝမှာထပ်ပြီးချစ်ခဲ့မယ်ဆိုရင်တောင် အဲ့လူကမင်းမဟုတ်ဘူး သို့သော် ပြုံးမဒီခင် သော်ကလဲ အန်တီကလွဲရင် ဘယ်သူ့ကိုမှထပ်မချစ်နိုင်ဘူး သို့သော်