12

248 36 4
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]


ခရစ္စမတ်ပိတ်ရက်တွေ ရောက်ဖို့ တစ်ရက်နှစ်ရက်ပဲလိုလာပြီမို့ ထိုရက်တွေမှာ ထယ်ရယ် အချိန်အားဖို့ မျှော်လင့်မိသည်။ ဒီကြားထဲမှာ ပိတ်ရက်ကလွဲရင် ကောင်းကောင်း မတွေ့ဖြစ်လောက်တဲ့ထိ နှစ်ယောက်လုံး ပတ်ဝန်းကျင်အသီးသီးမှာ အချိန်ကြပ်နေကြ၏။

ကျောင်းကနေ အိမ်ကို တန်းမပြန်ဖြစ်ပဲ ဆရာ၊ ဆရာမတွေ အတူ အပြင်ထွက်ကြတဲ့နေမို့ ဒီနေ့တော့ အိမ်ပြန်နောက်ကျလို့။

ထယ်ရယ်လည်း နောက်ကျမှ ပြန်ရောက်မည်တော့ ထင်သည်။

နှင်းကျတစ်ချက် မကျတစ်ချက် ဖြစ်နေတဲ့ရာသီမှာ ပထမဆုံးနှင်းကို ထယ်ရယ်နဲ့ ကြည့်ဖြစ်လိုက်တာတောင် ကံကောင်းသွားသလိုလိုပါ။

ခြံထဲကို ဝင်ပြီးတာနဲ့ ကုတ်အင်္ကျီနက်ပြာပေါ်က နှင်းတွေ ကို ဖယ်ချရင်း ဆံပင်ပေါ်က အမှူန်အမွှားတွေကိုပါ ခါပြီးမှ အိမ်ထဲကို ဝင်လိုက်ဖို့ ဟန်ပြင်လိုက်သည်။ တယောအိတ်မှာလည်း နှင်းမှူန်တွေ ကပ်နေဆဲ ဖြစ်တာမို့ ဒူးတစ်ဖက်ထောက်ကာ အရင် ထိုင်လိုက်သည်။ တယောအိတ်လွယ်ထားတာကို ဖြုတ်ရင်း နှင်းတွေ တော်တော် တင်လာတာကို ဖယ်ဖို့ တစ်ချက်နှစ်ချက် သေချာ ကြည့်လိုက်၏။

" ဒီနေ့မှ ဘာလို့ ဒီလောက် နှင်းကျနေရတာလဲ "

တယောအိတ်ကို အာရုံရောက်နေစဉ် မျက်စိရှေ့ကိုရောက်လာတဲ့ နှင်းဆီအနီရဲရဲကို မည်သူကမ်းပေးမှန်း မသိရပါ။

ထယ်ရယ် ရောက်လာပြီး စနေတယ် အထင်နဲ့ ဆတ်ကနဲ ဆွဲကာ ယူပြီးမှ မော့ကြည့်မိတော့ မှားပြီ။
နှင်းဆီပန်းကို ပေးနေတာက ပတ်ဟန်ဘင်းဖြစ်ပြီး ပတ်ဟန်ဘင်း ဘေးမှာ ရပ်နေတာကတော့ ဆောင်းဟန်ဘင်း။

အတူတူရပ်နေတဲ့ လူနှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ။

ဆောင်းဟန်ဘင်းနဲ့ ပတ်ဟန်ဘင်း နာမည်တူနေတာကို။

ဪ...ပတ်ဟန်ဘင်းလည်း အီဂျောင်ဟျွန်းနဲ့ တွဲပြီးမှ ခဏခဏတွေ့ဖြစ်လို့ တစ်အိမ်လုံးနဲ့ ရင်းနှီးနေတာ။
ထယ်ရယ့်မန်နေဂျာလုပ်တုန်းကတောင် ဒီလောက် မရင်းနှီးဘူးလေ။ အိမ်ရှေ့မှာ တစ်ခါတစ်လေတွေ့ဖြစ်ရုံဆိုတော့။

shady☆ [julyz] ✔️Where stories live. Discover now