28

217 27 8
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

အဆက်အသွယ်မလုပ်ဖြစ်တဲ့ ဖုန်းနံပါတ်ကိုကြည့်ရင်း ခေါင်းကိုက်စွာ သက်ပြင်းချလိုက်သည်။

ထယ်ရယ့်ကို အားရင်အားသလို ဖုန်းခေါ်ဖို့နှင့် ချိန်းတွေ့ဖို့ရာမှာ ကိုယ်တိုင်ရဲ့ စိတ်အခြေအနေကြောင့် အစပင်မဖော်ရဲ။

အဆင်မပြေရင် ပြောပါမယ်ဆိုတဲ့ ကတိကို မတည်နိုင်သလိုဖြစ်နေတဲ့အတွက် အားလည်းနာမိ၏။
နားလည်မှူမကြီးတဲ့ မိဘတွေကို အပြစ်တင်မိပေမဲ့ ထယ်ရယ့်ကို အားနာသည့်စိတ်ကသာ တစ်ရက်တစ်ခြား ကြီးစိုးလာပြီး အခက်တွေ့သည်။

ကျန်းဟောက်ကိုပဲ စောင့်နေရင်း.. ကျန်းဟောက်ကိုပဲ ကြည့်ပေးနေသည့် ထယ်ရယ့်စိတ်ကို မြင်နေရသည်မှာ ဝန်မလေးဘူးလို့ ပြောရင်တော့ လိမ်ရာကျလောက်ပါရက်..။

ဆရာရုံးခန်းထဲမှာ တစ်ယောက်တည်းကျန်နေခဲ့ရင်း ဖုန်းခေါ်ဖို့ကို တွေဝေကာ နောက်ဆုံးတော့ ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်ခဲ့ရုံသာ ရှိသည်။

ဒီရက်တော့ တန်းတန်းမတ်မတ်မပြန်ဖြစ်ခဲ့တာကြောင့် ညနေစာစားချိန်လွန်မှ အိမ်ကို ပြန်ရောက်ပြီး အစားလည်း မဝင်ခဲ့ပေ။

စိတ်ဖိစီးတာကြောင့် ထင်ပါရဲ့။ ထယ်ရယ့်ကိုလည်း အဆင်အသွယ်မလုပ်ဖြစ်၊ အိမ်နဲ့လည်း ခဏခဏရန်ဖြစ်နေရသည့်ကြားမှာ အစားလည်း ကောင်းကောင်း မစားဖြစ်ချေ။

ဗိုက်ပြည့်အောင်စားရင်တောင်မှ အချိန်မမှန်မှူတွေကြောင့် အာဟာရမဖြစ်သလိုပင် ခံစားရ၏။

အိမ်ထဲကို ဝင်လိုက်သည်နှင့် စိမ်းစိမ်းကားကားဖြစ်နေသည့်အငွေ့အသက်ကို မကြိုက်ပါ။

ဧည့်ခန်းထဲမှာ ရှိနေတဲ့ အဖေနဲ့အမေမှာ အဖေကတော့ ကျန်းဟောက်ကို အမှူမထားဟန်ပြုနေပြီး အမေကတော့ သတိတရ လှမ်းခေါ်ရှာ၏။

" ညနေစာ စားမှာလား သား"

"အပြင်မှာစားခဲ့တယ်။ တော်ပြီ "

" ကျန်းဟောက် ပါးတို့ စကားသေချာပြောရအောင်"

နေ့နေ့ညည ရန်ဖြစ်နေရတာကို စကားသေချာပြောရအောင်ဆိုသည်က ထပ်ပြီး အကြောင်းအရာတစ်ခုတည်းသာဖြစ်လိမ့်မည်။

shady☆ [julyz] ✔️Where stories live. Discover now