25

308 29 5
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

အိပ်ယာနိုးနေတာကြာပြီပေမဲ့ ရင်ခွင်ထဲကနေ လူကို မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်နေသော အစ်ကိုလေးတစ်ယောက်ကြောင့် ထယ်ရယ့်မှာ မထရဲ။ သို့ပေမဲ့ ကြာကြာလည်း ဆက်အိပ်ချင်ယောင် မဆောင်နိုင်တော့တာကြောင့် ထုတ်ပြောရတော့သည်။

" ကြွေကျနေတာ သိပါပြီ။ ဒီလောက်ပဲ ကြည့်ပါတော့"

" နည်းနည်းလောက် ထပ်ကြည့်ချင်သေးတာကို"

" လျော့ပေးလိုက်တာနဲ့ အခွင့်ကောင်းယူနေတယ်"

ကျန်းဟောက်ထံမှ ရယ်သံစစလေးထွက်လာပြီး ထယ်ရယ့်ကိုဖက်ထားတဲ့ လက်တွေက ပိုပြီးတင်းကြပ်လာကာ ရင်ခွင်ထဲကို ပိုလို့ တိုးဝင်လာရဲ့။

" ကျွန်တော့်ကို မရရင် သေမတတ်ပဲလား"

ခေါင်းငြိမ့်ပြတဲ့ လှူပ်ရှားမှူလေးကြောင့် ထယ်ရယ့်မျက်နှာ မှိူရသလို ပြုံးဖြီးနေရ၏။ ပြန်တွဲမယ်ဆိုပြီး အတည်ပြုတဲ့ နောက်ဆုံးတစ်ခွန်းကို ထုတ်မပြောဖြစ်သေးပေမဲ့ ထုတ်ပြောဖြစ်ဖို့ရာလည်း ကြာကြာထားမှာတော့ မဟုတ်ပေ။ နောက်ထပ် နှစ်ရက်လောက် အချိန်ထပ်ဆွဲလိုက်ရင်ကို ကျန်းဟောက်ရဲ့အခြေအနေက အရူးတစ်ပိုင်းဖြစ်တော့မည်နဲ့ တူနေပြီ မဟုတ်လား။

ထယ်ရယ့်ကို ဒီလောက်တောင် ပြင်းပြင်းပြပြ ပြန်လိုချင်နေတဲ့အတွက် ငြင်းဖို့ရာတော့ လုံးဝမရှိပါ။

" မနက်စာ သွားစားရအောင် နေ့လည်စာတောင် ဖြစ်တော့မယ်"

" အာ..ဒါနဲ့ ညက ဦးလေးကျန်းတို့ အိမ်ပြန်မလာဘူးလား။ ကျွန်တော် တံခါးအသံမကြားလို့"

ကျန်းဟောက်က ခဏလေး စဉ်းစားသည်။ ပုံမှန်ဆို အိမ်ကို နောက်ကျမှ ပြန်ရောက်တဲ့သူရှိရင် အအိပ်ဆတ်တဲ့ ထယ်ရယ်က တံခါးအဖွင့်အပိတ်သံကြားပေမဲ့ ညကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတော့ မသိလိုက်။

" သန်းခေါင်ကျော်ပြန်လာပြီး မနက်စောစောက ပြန်ထွက်သွားကြတာ။ ဆေးရုံကို"

" ကျန်းဟောက် အိမ်မှာ အမြဲတမ်း တစ်ယောက်တည်း နေတတ်တာပဲ"

" မထူးဆန်းပါဘူး။"

shady☆ [julyz] ✔️Where stories live. Discover now