15

298 36 12
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ဘယ်နေရာကို ခေါ်လာတာလဲ "

ချွန်းနန် အိမ်ကနေ ပြန်ထွက်ကတည်းက ကားပေါ်မှာ အိပ်ပျော်ပြီး ပါလာတဲ့ ကျန်းဟောက်ဟာ မျက်လုံးပွင့်လာလာချင်း ကားအပြင်ဘက်ထွက်ကာ စမ်းတဝါးဝါးမေးတယ်။ တောအုပ်လေးအလယ်မှာ ကားနဲ့ရောက်နေသလိုဖြစ်နေတော့ ရုတ်တရက် ကြောင်သွားပုံပါပဲ။

အဲ့တာကလည်း မျှော်လင့်ထားတဲ့ တုံ့ပြန်မှူသာ။

ကျန်းဟောက် ဒီရက်ပိုင်း မျက်နှာညှိုးနေတယ်လို့ ထင်မိတာကြောင့် အကိုက်ညီဆုံးဖြစ်မယ့် အပန်းဖြေမှူကို ရအောင်ရှာထားရသည်။

" date လုပ်ဖို့လာတာလေ "

" မပြောမဆိုကြီးက.. "

ထယ်ရယ့်ကို တစ်ခုခုပြောမလို့ ပါးစပ်ဟကာရှိသေး ဘေးပတ်ပတ်လည်ကိုမြင်တော့ အာမေဋိတ်တစ်ခုသာ ထွက်ပြီး မျက်အိမ်တွေဟာ အဝိုင်းသား။

ကျန်းဟောက်ဘေးနားကို ကပ်ကာသွားရပ်လိုက်ပြီး ပုခုံးချင်းအသာလေးတိုက်ကာ ဘာမှပြန်မဖြေနိုင်ဖြစ်နေတဲ့ အစ်ကိုလေးက အခြေအနေကို နားမလည်နိုင် ဖြစ်နေဆဲ။

တောအုပ်လေးထဲ အိမ်အသေးလေး တစ်ခုရှိနေသလို အိမ်ရဲ့အပြင်ဘက်မှာလည်း အသားကင်ဖို့ ခုံတွေခင်းထားပြီး အိမ်လေးရဲ့အဝင်ဝမှာ နှစ်ယောက်တွဲဓာတ်ပုံလေးတွေကို ချိတ်ထားသေးသည်။

ကောင်းကင်အပေါ်ကိုမော့ကြည့်တော့ နေဝင်ကာစ ကြယ်တွေရေးရေးမြင်နေရပြီ။ အိမ်ရဲ့ အပြင်ဘက်က ခလုတ်တချို့ကို ထယ်ရယ် မြန်မြန်ပြေးဖွင့်လိုက်တော့ သစ်ပင်တစ်ပင်ချင်းမှာရှိနေတဲ့ မီးအိမ်တွေက လင်းလာတာမို့ တောအုပ်လေးဟာ မှောင်မဲမဲ ဖြစ်မနေ။

ကျန်းဟောက်ဟာ ဘာမှမပြောသေးတဲ့ ထယ်ရယ့်အနားကို ရောက်လာတယ်။

" ထယ်ရယ် ဒါမျိုးတွေ ပြင်ထားတာလား "

ခေါင်းငြိမ့်ပြလိုက်တော့ ငြိမ်သွားလေရဲ့။

" မကြိုက်ဘူးဆို ပြန်မယ်လေ။ အရင်ဆုံး ညနေစာတော့ စားရအောင် "

shady☆ [julyz] ✔️Where stories live. Discover now