16

254 28 16
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ကော ကိုရီးယားကနေ ပြန်မလာတော့ဘူးလား "

" ရှစ်နှစ်တောင်ရှိတော့မယ်။ အလွယ်တကူပြန်လာလို့လည်း ရနေရက်နဲ့ ကောရယ်။ ပါးနဲ့မားက သတိရနေတာ။ ကော လူရိပ်လေးဖြစ်ဖြစ် လာပြရင်တောင် တော်လှပြီကို "

" တစ်ချိန်လုံး လိုက်ဆူပြီး အပြစ်မရှိအပြစ်ရှာနေတာက ပါးရဲ့အကျင့်ပေမဲ့ တစ်ချိန်လုံး ကျန်းဟောက်ကော နာမည်ကို ပါးစပ်ကမချဘူး။ ကိုရီးယားမှာပဲ အခြေချမယ်ဆိုရင်လည်း အကျိုးအကြောင်းတော့ ပြောပါအုံး။
ပြန်လာရင် တယောမထိုးခိုင်းတော့ဘူး။ ဆေးကျောင်းပြန်တက်ခိုင်းမယ်။ အိမ်ထောင်ပြုပေးမယ် ဆိုတာတွေကို တကယ်ကြောက်နေတာလား။ အသက်က သုံးဆယ်နား ရောက်တော့မယ်။ ဆေးကျောင်း ပြန်တက်ခိုင်းပါ့မလား ကောရယ်။
ကောကိုယ်တိုင်ကိုက ဖုန်းပြောရင် စကားကို အပေါက်အလမ်းတည့်အောင်မပြောလို့ ပါးက စိတ်တိုပြီး အဲ့လိုတွေ အမြဲပြောနေတော့တာလေ"

အကြာကြီးနေမှ အဆက်အသွယ်ပြန်ရတဲ့ ဝမ်းကွဲညီမလေးဆီက အဆူခံနေရတာကြောင့် ကျန်းဟောက်မယ် သက်ပြင်းတစ်ချချနဲ့ နားထောင်နေမိသည်။
ဝမ်းကွဲတွေဖြစ်ပေမဲ့ မိဘတွေနဲ့ တရင်းတနှီးမို့ ညီမလေးက ကျန်းဟောက်ရဲ့ အဖေနဲ့အမေကို ပါးနဲ့မား လို့ပဲ သုံး၏။

" ယွဲ့ရှင်း~ ကော ပြန်လာခဲ့ချင်ပါတယ်။ ဒါပေမဲ့ ပါပါးနဲ့ ကောနဲ့ ငယ်ငယ်ကတည်းက အဆင်မပြေတာ သိနေတာပဲ။ ပါပါး ဘယ်လောက်ပဲ စိတ်လျော့ထားတယ် ပြောပါအုံး... အကျင့်တွေက ပျောက်မှာမှမဟုတ်တာ။ ကော ဖိအားတွေအောက်မှာ ပြန်နေရမှာကို မကြိုက်ဘူး။ ပြန်လာဖို့ကလည်း အဲ့လောက် မရိုးရှင်းဘူး။
ပြီးတော့ ! ကော အသက် သုံးဆယ်ပြည့်ဖို့ လေးနှစ်တောင် လိုသေးပါတယ် "

" ပါး သိလို့မရတဲ့ ကိစ္စတစ်ခုခု လုပ်ထားလား ကျန်းဟောက်ကော "

ငယ်ငယ်ကတည်းက အရမ်းလည်တဲ့ ထိုကလေးမက ကျန်းဟောက်ရဲ့ လေယူလေသိမ်းနဲ့တင် တစ်ခုခုကို ရိပ်မိသွားပြီး မေးလာသည်။
ယွဲ့ရှင်းကို စိတ်ချလက်ချ ပြောပြလို့ရတယ်ဆိုပေမဲ့ ထိုအရာက ကျန်းဟောက် ဖူကျန့်ကို ပြန်ဖို့ တုံ့ဆိုင်းနေစေတဲ့အရာ ဆိုတာမှန်း ရည်းစားဖြစ်သူ သိရင် ရှူပ်ကုန်မည်။

shady☆ [julyz] ✔️Where stories live. Discover now