17

238 27 12
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ထယ်ရယ့်ကို ဖုန်းခေါ်လို့မရဘူးလား "

" အွန်း "

ဂျောင်ဟျွန်း ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်တော့ ပတ်ဟန်ဘင်းမျက်နှာမှာ သွေးတောင်မရှိတော့ပေ။ ဟန်ဘင်း စိတ်ပူချင်လည်း ပူချင်စရာပဲ။ ပြဿနာတက်နေသူက တဇောက်ကန်းတွေချည်း လုပ်တဲ့ ဂင်မ်ထယ်ရယ်မို့လေ။

ဟန်ဘင်းရဲ့ အဆက်အသွယ်မြန်မှူကြောင့် ဆုန်းဒါမီနဲ့ သတင်းထွက်တဲ့ ကိစ္စမှာ မွှေထားတာ ထယ်ရယ်မဟုတ်မှန်းတော့ သေချာသွားပါသည်။ အစောကတည်းက ယုံထားပေမဲ့ အတိအကျသေချာသွားမှ စိတ်အေးရ၏။

အိမ်ထဲကို ရှေ့နောက် ဝဲယာလျှောက်နေရင်းက တံခါးဘဲလ်အသံမြည်လာသည်။

" အဲ့တာကို ထယ်ရယ်လို့ ထင်လား "

ဟန်ဘင်း မေးတာကို ခေါင်းငြိမ့်ပြလိုက်ပြီး အရင် monitor ကနေကြည့်လိုက်သည်။

အဟုတ်ကို ဂင်မ်ထယ်ရယ် ဖြစ်နေပြီး တံခါးဖွင့်ပေးလိုက်တော့ မျက်နှာငယ်နဲ့ ပြုံးပြလာသည်။
လက်ထဲက ကားသော့ပါပုံရရင် ကားမောင်းလာတာပေမဲ့ တစ်ခုခုကတော့ မတူနေသလို။

" ထယ်ရယ် ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ။ ဖုန်းခေါ်တာကျ မကိုင်ဘူး "

" ဖုန်းအားကုန်သွားတာ။ အိမ်ကနေထွက်လာတာ ကြာပြီ။ လမ်းမှာ ကားဆက်တိုက် မမောင်းနိုင်လို့"

အိမ်ခန်းထဲကိုရောက်တာနဲ့ ဟန်တောင်မဆောင်နိုင်ပဲ ပတ်ဟန်ဘင်းကို ဖက်ပြီး ရုတ်တရက် ငိုချတဲ့အခါမှာတော့ အီဂျောင်လည်း မျက်စိပျက်မျက်နှာပျက် ဖြစ်သွားရတော့၏။

ထယ်ရယ် ငိုတာ ခဏခဏမြင်ဖူးသည်။ အထက်တန်းကတည်းက မဟုတ်မဟတ် ကိစ္စတွေနဲ့ ခဏခဏငိုပြီး ရည်းစားကိစ္စကလွဲရင် အကုန်ငိုသည်။

ငိုတာတော့ ဟုတ်ပေမဲ့ ဒီတစ်ခါက တူမနေ။
အသက်ပါပါတော့မတတ် ရှိူက်ရှိူက်ငိုနေပြီး ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိနေတဲ့ ဟန်ဘင်းမှာလည်း ထယ်ရယ့်ကို ပြန်ဖက်ထားပေးရုံမှအပ မတတ်နိုင်ရှာ။

shady☆ [julyz] ✔️Where stories live. Discover now