26

280 28 8
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

ခရီးထွက်လာရတာကို ထယ်ရယ့်ထက်ပင် ပိုတက်ကြွနေတဲ့ ကျန်းဟောက်မှာ ဖူကျန့်ကိုပြန်လာပြီးကတည်းက ကောင်းကောင်းမပျော်ရသေးဟန်နှင့်တူသည်။ ပေကျင်းကို သွားပြီး အခန်းထဲပဲအောင်းနေခဲ့တာလားလို့တော့ ထယ်ရယ်လည်း မပြောတတ်သလို မေးလည်းမမေးချင်။

ရှန်ဟိုင်းကို မနေ့ကရောက်ပြီး  Disneyland ကို ယခုညနေဘက်လာဖို့ရာလည်း မနက်အစောကတည်းက ပြင်ဆင်နေလို့ အတင်းပြန်ဆွဲထားရသေးတာ။

" ထယ်ရယ် မပြန်ခင် ကိုယ်တို့တွဲနေတာကို ပါးကသိသွားလို့.."

" အွန်း"

" ပိုက်ဆံအများကြီးပေးမယ်။ ကျန်းဟောက်နဲ့ မပတ်သက်နဲ့လို့ ပြောလာရင် ထယ်ရယ် ဘာလုပ်မှာလဲ"

" ပေးတဲ့ ပမာဏကို အရင်ကြည့်ရမှာပေါ့"

ထယ်ရယ် ဖြေလိုက်တာနဲ့ ချက်ချင်းပဲ အောက်နှူတ်ခမ်းကို ဖွဖွကိုက်ကာ ရန်တွေ့ချင်တဲ့ မျက်နှာနဲ့ ကြည့်လာတယ်။

စားနေတဲ့ ရေခဲမုန့်က မကုန်သေးတာအတူတူ အရည်ပျော်ကျရင် လက်တွေပေကုန်မှာစိုးလို့ ကျန်းဟောက်လက်ထဲ တစ်သျှူးထည့်ပေးလိုက်ရင်း ထယ်ရယ့်မှာ ရယ်ချင်တာကို အောင့်ထားမိရဲ့။

ခဏလေးငြိမ်သွားပြီးတော့မှ မျက်လုံးတွေ ဝိုင်းပြီး ပြန်မေးလာ၏။

" တကယ်လား"

မရယ်မိပဲ မနေနိုင်အောင် ကြံဖန်ပြီး မေးခွန်းတွေ ထုတ်နေတဲ့အခါ မျက်နှာ လွှဲလိုက်သည်။

" ထယ်ရယ် ! ဖြေလေ~"

မျက်နှာလွှဲလိုက်တဲ့ ထယ်ရယ့်မျက်နှာကို လက်တစ်ဖက်နဲ့ ထိန်းကာ သူ့ကိုပဲ ပြန်ကြည့်အောင်လုပ်သည်။ တိုးဝင်နေသည့် အသံငယ်ကြောင့် အသည်းယားကာ ကျန်းဟောက်ရဲ့ ပါးနှစ်ဖက်ကို ဆွဲကိုင်လိုက်မိ၏။

" ကိုယ့်ဘာသာ ရေခဲမုန့်စားနေတာကို ဘာလို့ အတွေးတွေလွန်ပြီး ဇွတ်မေးနေတာလဲ ကိုကိုရဲ့"

" ဒီအတိုင်း သိချင်လာလို့"

" ဖြစ်လာစရာအကြောင်းမှ မရှိတာ။ ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် ကျန်းဟောက်မိဘတွေကို သဘောတူလာအောင် လုပ်မှာမို့လို့။ ကျန်းဟောက်က ကိုရီးယားကိုသာ မြန်မြန်လိုက်လာခဲ့။ အဲ့ဒီကိစ္စကိုလည်း ဦးလေးကျန်းနဲ့ မပြောရသေးဘူးမလား"

shady☆ [julyz] ✔️Where stories live. Discover now