အပိုင်း...၂၁

1.2K 89 11
                                    

unicode

    တရိပ်ရိပ်ပြေးနေတဲ့ ကားထက်အရင် မြ စိတ်တို့ ရှေ့ရောက်နေသည် ။ မီပါ့မလား ။ နာရီဝက်တဲ့ ။ သူ မြဆီကနေ ထွက်သွားဖို့ နာရီဝက်ပဲ လိုတော့သတဲ့။ စက္ကန့်တွေ တရွေ့ရွေ့ပြေးနေပုံက မြအတွက် ခြောက်ခြားဖွယ်ရာ။

     ”ကိုလတ်... မီအောင်မောင်းပေးပါနော်..မီနိုင်တယ်မလားဟင်...နာရီဝက်နဲ့ မြတို့ လေယာဥ်ကွင်းကို ရောက်နိုင်မယ်မလား…”

     ငိုသံပါနေတဲ့ မြ အသံကြောင့် မမနွယ်က မြ လက်ကို ခပ်တင်းတင်းတစ်ချက် ဖျစ်ညှစ်ပြီး ပြန်မလွှတ်တော့ပဲ ဆုပ်ကိုင်ထားသည် ။ မြလက်တွေကပဲ အေးစက်လွန်းနေလို့လားမသိ ။ မြ လက်ကို ကိုင်ထားတဲ့ မမနွယ် လက်ကလေးက နွေးထွေးလွန်းလှသည် ။ မြတို့ လက်တွေ ဆုပ်ကိုင်ထားကြပေမဲ့ အကြည့်ချင်း မဆုံနိုင်အောင်တော့ မြ သတိထားနေလိုက်သည် ။ကိုလတ်က မြကို တစ်ချက်လှမ်းကြည့် ခေါင်းညိတ်ပြပြီး ကားကို အရှိန်ထပ်တင်လိုက်သည် ။ ကားကလေးက လေးညှို့ကနေ  ပစ်လွှတ်လိုက်တဲ့ မြှားတစ်စင်းပမာ လေဟုန်ကို အရှိန်ပြင်းပြင်းထိုးခွဲပြေးလွှားနေသည် ။

   ကလေးတစ်ယောက်ကြောင့် အခုလိုတွေ ယောက်ယက်ခတ်နေရတာ မြ ရှက်ပါသည် ။ ကားနောက်မီကို သက်တောင့်သက်သာ မှီမထိုင်နိုင်ပဲ ခပ်မတ်မတ်ထိုင်ပြီး ရှေ့မှာ တရိပ်ရိပ်ပေါ်လာတဲ့ ကတ္တရာလမ်းမဆီသာ အာရုံစိုက်ထားနေမိသည် ။ ဖြစ်နိုင်ရင် ဒီအကွေ့အကောက်များတဲ့ လမ်းကို တဖြောင့်တည်းဖြစ်အောင် ဆွဲဆန့်ပစ်လိုက်ချင်သည်။

    ကိုလတ်က ကားကိုအာရုံစိုက်မောင်းနေရင်းက တစ်ချက်တစ်ချက် မြကို လှမ်းကြည့်သည် ။

     ”မြဖူး...စိတ်တအားလောနေလို့ပါ... စိတ်အေးအေးထား ညီမလေး... ကိုယ် မီအောင်မောင်းနေပါတယ်...ဒီထက်မြန်ရင် အန္တရာယ်များတယ်လေ... လမ်းက အကွေ့တွေလည်း များတော့ တအားမြန်လို့ အဆင်မပြေဘူး... နာရီဝက်တောင် အချိန်ရတာပဲ ...မီမှာပါ…”

   နာရီဝက်တောင် တဲ့လား ။ ဟုတ်သား ။ စက္ကန့်နဲ့တွက်ရင် အများကြီးပဲကို ။ ကားလေးက စက္ကန့်နဲ့အမျှပြေးနေသားပဲ ။ မီမှာ ။ မြတို့မီမှာပါနော်။ကိုလတ်စကားကြောင့် မြ အနည်းငယ် စိတ်အေးသွားရသည် ။ ခုချိန်မှာ မြကို ကိုလတ် အထင်သေးနေမလားလို့ စိတ်ထဲတွေးလိုက်မိသော်လည်း တခဏအတွင်းမှာပင် ထိုအတွေးက ပြန်လည်ပျောက်ကွယ်သွားသည် ။

မြနဲ့ မာနWhere stories live. Discover now