အပိုင္း...၅

4K 390 28
                                    


unicode

မြ အာရုံထဲမှာ သူမတို့စုံတွဲရဲ့ ပုံရိပ်တွေဖြတ်ပြေးနေသလို မြနားထဲကိုလည်း စကားသံတွေက အလုအယက် တိုးဝှေ့ဝင်နေသည် ။

”စိတ်မပူစမ်းပါနဲ့ငယ်ရယ်... နင်နဲ့ငါပြတ်ပြီဆိုတဲ့စကားကြမ်း သုံးစရာမလိုလောက်အောင် လူတစ်ယောက်ကို ပညာသားပါပါနဲ့ သူ့ကိုယ်သူ သိပြီး နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့ နည်းတွေရှိပါတယ် …”

”ဟုတ်လား... ငယ့်ချစ်သူကဘယ်ဆိုးလို့လဲ... ဘယ်လိုနည်းလမ်းတွေလဲ ပြောပါဦး…”

”မခက်ပါဘူးငယ်ရယ်  ဥပေက္ခာပြုခြင်း... လျစ်လျူရှုခြင်း...အရေးမစိုက်အလေးမထားခြင်း...မသိမသာ
ရှောင်ဖယ်နေခြင်းတွေပေါ့....
သူက ပညာတတ်တယောက်ပါ... လူကဲခတ်လည်းတော်တဲ့လူတစ်ယောက်...ကိုယ့်ကိုမလိုအပ်တော့တဲ့ အရိပ်တွေတွေ့တာနဲ့ တိတ်တိတ်လေး နောက်ဆုတ်သွားမဲ့လူ... သူလိုလူမျိုးက မာနကိုကိုးကွယ်တဲ့သူလေ...သူ့မာနကို အထိခိုက်ခံပြီးတော့ ငယ်မလိုအပ်တော့ဘူးဆိုတာ သိနေရဲ့နဲ့ တွယ်ကပ်နေမဲ့လူမျိုးမဟုတ်ဘူးလေ …”

”မောင်က တော်လိုက်တာကွာ… စီးပွားရှာတဲ့နေရာမှာသာ မောင့်ဒီလိုညဏ်တွေထုတ်သုံးရင် ငယ်ခုလိုမာယာတွေများပြီး စပွန်ဆာ ထားနေစရာမလ်ိုဘူး သိရဲ့လား …”

” ဟောဗျာ…ခုလည်းမောင်က ညဏ်ကောင်းပြီး ရင်းနှီးမြုပ်နှံထားလို့ မောင်တို့နှစ်ယောက်လုံး ချမ်းချမ်းသာသာနေနေရပြီမဟုတ်လား ငယ်ရဲ့…”

”အမယ်… မောင်ကဘာတွေရင်းနှီးမြုပ်နှံထားလို့လဲ …”

”ဟောဒီက မောင့်ချစ်သူကို ရင်းနှီးထားရတာလေ …”

”ဟမ်… ဘာဆိုင်လို့လဲပြောစမ်းပါဦး …”

”ကိုယ့်ချစ်သူကို သူစိမ်းယောက်ျားတွေနဲ့ အတူတွဲတွေ့ရရင်တောင် မကြိုက်ကြတာ… ခုက လိင်တူခြင်းကြိုက်ဖို့ ခွင့်ပြုထားရတယ်ဆိုတာ ဘယ်လောက်မနှစ်မြို့စရာကောင်းသလဲ… မတော် ငယ့်မှာ ရောဂါတွေဘာတွေ ရလာရင် မောင်ဘယ်လိုလုပ်မလဲ …မောင်တို့နှစ်ယောက်ရဲ့ ရှေ့ရေးအတွက်လို့စဉ်းစားပြီ ဇွတ်မှိတ်ခွင့်ပြုထားရတာ… ဒီကိစ္စတွေးမိတိုင်း မောင်ဘယ်လောက်ရင်ပူရသလဲ ငယ်မသိပါဘူး…”

မြနဲ့ မာနWhere stories live. Discover now