အပိုင္း...၇

4.1K 420 38
                                    


unicode
  ” မြ ရေ..အတွေးလွန်နေပြန်ပြီလားကွယ်.. မိုးကျနေပြီလေသမီး အိမ်ထဲဝင်ရအောင်နော်..”

    ရီရီအသံကြောင့်မြသည် အတိတ်ထဲနစ်နေရာမှ ပြန်လည်လွတ်မြောက်လာသည် ။ မိုးတွေရွာတိုင်း အတိတ်က မြ ထံ အလည်ရောက်လာတတ်သည် ။ ထိုအချိန်တိုင်းမှာလည်း မြသည် ရှက်ရွံ့ခြင်းနှင့် နာကျင်ခြင်းကို တပြိုင်တည်း ခံစားရသည် ။ အတိတ်ကိုမေ့သွားအောင် ဦးခေါင်းကို ပြင်းပြင်းထန်ထန်ထိခိုက်ခံခဲ့မှုကြောင့်လည်း မြသည် မိုးအေးလာတိုင်း ခေါင်းကိုက်ဝေဒနာကို အမြဲခံရသည် ။

     အိမ်ထဲရောက်တာနဲ့ ရီရီက မြဦးခေါင်းပေါ်က ရေစက်တွေကို တဘက်နှင့် ပြောင်စင်နေအောင် သုတ်ပေးသည် ။ မြအသက် သုံးဆယ်ကျော်လာပေမဲ့ ရီရီက မြကို အခုထိ ကလေးလေးလို သဘောထားတုန်း။ မြကလည်း ရီရီရှေ့ရောက်တာနဲ့ အလိုလိုနေရင်း ကလေးလေးလို ပြန်ဖြစ်သွားတတ်သည် ။

” အတိတ်ကိုအတိတ်မှာဘဲ ထားခဲ့လိုက်ပါတော့ သမီးရယ် …အတိတ်ဆိုးတွေက ပြန်တွေးတိုင်း အသစ်ပြန်ပြန်ဖြစ်လာတယ်မလား...ပြီးခဲ့တဲ့ အတိတ်တွေ ဆိုတာက ပြန်ပြင်လို့ရတော့တာမှ မဟုတ်တာ… အတိတ်အမှားက ပစ္စုပ္ပန် အတွက်သင်ခန်းစာ ယူစရာလို့ သဘောထားလိုက်ပါကွယ်… ပြီးတော့ သမီးဖေဖေကို စိတ်ဆိုးတာလည်းဆိုးတာပေါ့ ..
အဆက်အသွယ်လေးတော့ ပြန်လုပ်ပါသမီးရယ်.. နှစ်တွေလည်းမနည်းတော့ဘူးလေ...”

    မြသည် ရီရီစကားကြောင့် ရေသုတ်ပေးနေသည့် ရီရီ့လက်ကို ဆုပ်ကိုင်လိုက်သည် ။ မြလက်တွေက အေးစက်နေသည် ။ ရီရီ့လက်တွေကတော့ နွေးထွေးနေသည် ။ မြအတွက် ရီရီ့လက်တွေက အချိန်တိုင်း နွေးထွေးပါသည်။

”ဟုတ်တယ်… နှစ်တွေမနည်းတော့ဘူးရီရီ..မြလည်း ဖြစ်နိုင်ရင် အားလုံးကို မေ့ဖျောက်ပြီး ပျော်ပျော်ရွှင်ရွှင် နေသွားချင်ပါပြီ ... ဒါပေမဲ့ အဖြစ်အပျက်တွေက မနေ့တနေ့ကလိုဘဲ...ညလေးငယ်က မြကို စိတ်ဒုက္ခပေးတယ် ဖေဖေက မြကို စိတ်ဒဏ်ရာပေးတယ် …မြစိတ်တွေခုထိ နာလန်မထူနိုင်သေးဘူး … မြချစ်တဲ့ မြယုံကြည်တဲ့သူတွေက မြကိုသစ္စာဖောက်တာ… ရီရီသိပါတယ်... ဖေဖေ့ကိုမြက တစ်သက်လုံး တယောက်တည်းနေသွားဖို့တော့ မတောင်းဆိုပါဘူး... အသက်ရလာတော့ ဆေးပေးမီးယူလိုတယ်ဆိုတာ မြနားလည်ပါတယ်...ဒါပေမဲ့ ယူ စရာရှားလို့မြနဲ့ရွယ်တူကိုမှ... မြ အဲ့မိန်းမကို မိထွေးလို့ပြောရမှာတောင်ရှက်တယ်... ဖေဖေကလုပ်ရက်တယ်ရီရီရယ် မြလေ...”

မြနဲ့ မာနWhere stories live. Discover now