အပိုင်း ၁၄

3.4K 339 23
                                    

   ”ထူးရေ..ရီရီကို အုန်းသီးခွဲပေးမလား..ခွဲတတ်လား..”

   ”ဟုတ်ရီရီ..ထူးခွဲတတ်တယ်..”

     အတိုင်အဖောက် ညီနေတဲ့ နှစ်ယောက်ကိုကြည့်ပြီး  မြ ပြုံးနေမိသည် ။ သူ ရီရီကို ဘယ်လိုများ စည်းရုံးလိုက်ပါလိမ့် ။ အရင်ကဆို မြကို သူနဲ့ ဝေးဝေးနေဖို့ ပြောနေတဲ့ရီရီ ။ ခုတော့ ထူးလေးရေ ထူးထက်ရေနဲ့ ပါးစပ်ဖျားကမချ ။

    သူ့ရဲ့လိုက်လျောညီတွေ ဆက်ဆံတတ်မှုကြောင့် သူ့ကိုမလိုလားတဲ့ရီရီက သူ့ကို ချစ်နေပြီ ။ မြကကော ။ မြကျတော့ သူ့မေမေနဲ့ လိုက်လျောညီတွေ နေဖို့ သူ့မေမေက မြကို ချစ်ခင်လာဖို့ဆိုတာ ဖြစ်လာနိုင်ပါတော့မလား ။ သူ နဲ့ရီရီကိုကြည့်နေရင်း သူ့မေမေ မြကို ခေါ်တွေ့တဲ့ အကြောင်းတို့က ခေါင်းထဲသို့ တန်းစီဝင်ရောက်လာသည် ။

     ထိုနေ့က နေမသာသလို မိုးမရွာပါ ။ နေမထွက်သော အေးစက်အုံ့မှိုင်းနေတဲ့ နေ့တစ်နေ့မှာ သူ့မေမေက မြကို ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်သည် ။ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ထောင့်ကျကျခုံမှာ ထိုင်နေတဲ့ သူ့မေမေရဲ့မျက်နှာထားသည် အပြင်ကရာသီဥတုနှင့်အပြိုင်အုံ့မှိုင်း အေးစက်နေလေသည် ။

    ”မင်းနာမည် မြဖူးသစ်နော်... ငါတို့ဘေးအိမ်က ဒေါ်ရီရီသစ်ရဲ့တူမ..
ဦးအောင်ခန့်သစ်ရဲ့ တဦးတည်းသောသမီး ဟုတ်သလား...”

    စတွေ့တွေ့ခြင်း ဆက်ဆံရေးကတော့ လှပြီ ။ မင်းတွေ ငါတွေနဲ့ ။ သို့သော် သူ့မျက်နှာကြောင့် မြစိတ်လျော့လိုက်ပါသည် ။

   ”ဟုတ်ပါတယ်အန်တီ..အန်တီက ဖေဖေ့နာမည်ကိုတောင် သိနေတာလား...ဖေဖေက မြတို့ဆီ ခုထိမရောက်ဖူးသေးဘူးရှင့်...”

    အေးစက်နေတဲ့ မျက်နှာပေါ်မှာ မဲ့ပြုံးတချက်။
        ”သိပ်သိတာပေါ့..မင်းအဖေနာမည်တင်မကဘူးမင်းတို့ တမျိုးလုံးအကြောင်း ဟိုးအစောကြီးကတည်းက ငါသိတယ်.. အစက ငါနဲ့ပတ်သက်စရာမလိုလို့ မသိချင်ယောင်ဆောင်ခဲ့တာ.. ခုတော့ ငါ့သမီး
နဲ့မင်းရဲ့ပတ်သက်မှုကြောင့် မသိသလို နေလို့မရတော့လို့ မင်းကိုငါ ခေါ်တွေ့တာပေါ့..”

မွနဲ့ မာနWhere stories live. Discover now