အပိုင်း ၄
unicode
မြသည် သိမှတ်မဲ့စိတ်နဲ့ အခန်းအပြင်သို့ လှမ်းထွက်ခဲ့သည် ။ လက်ထဲမှာ ဖိုင်တွဲကိုကိုင်ထားရင်း သူမရှိရာသို့ ။” မြ... ညီမလေး အမှားများတဲ့လူက အရှုံးပိုများမယ်နော်...”
နောက်ကနေ လှမ်းပြောတဲ့ မမနွယ်အသံကြောင့် မြခြေလှမ်းတို့ ရပ်တန့်သွားသည် ။ သူမနေရာကိုလှမ်းကြည့်တော့ လူရိပ်မတွေ့ရ ။
အခန်းထဲပြန်လှည့်ဝင်ဖို့ ခြေလှမ်းပြင်လိုက်စဉ် ဆိုင်ရဲ့မှန်ချပ်တွေအပြင်က ပုံရိပ်နှစ်ခုက သူမမြင်ကွင်းထဲ အပြေးအလွှားတိုးဝင်လာသည် ။
လက်ထဲက ဖိုင်ကို မမနွယ်ထံလွှဲပြောင်းပေးခဲ့ပြီး မြခြေလှမ်းကို ဆိုင်အပြင်သို့ ဦးတည်လိုက်သည် ။ဆိုင်ရှေ့မရောက်ခင် လှမ်းမြင်နေရတဲ့ ပုံရိပ်ကို သေချာစိုက်ကြည့်ရင်းခြေလှမ်းခပ်သွက်
သွက်လှမ်းလိုက်မိသည် ။ မြ ဆိုင်အပေါက်ဝကနေ ခပ်သွက်သွက်ထွက်ပြီး လှည့်ထွက်တော့မဲ့ ပုံရိပ်တစ်ခုကို နုတ်ဆက်လိုက်သည် ။”မင်္ဂလာပါအဒေါ် မတွေ့တာကြာပြီ နေကောင်းလားရှင့် ...”
မြရဲ့ နုတ်ဆက်စကားသံအဆုံးမှာ ၀မ်းသာအားရ လှည့်ကြည့်လာတဲ့ မျက်ဝန်းတစ်စုံရယ် အကြီးအကျယ်ပျက်ယွင်းသွားတဲ့ မျက်နှာတစ်ခုရယ်ကို မြ အနီးကပ်မြင်လိုက်ရသည် ။
”အမေ... အဖေ့အတွက် ဆေးဝယ်ဖို့အရေးကြီးနေတယ်ဆို သွားတော့လေ...”
”သူဌေးမလေးရှိနေတာလား ... အဒေါ်အခုပဲ သမီးကိုမေးနေတာ... အပြင်ထွက်သွားတယ်ဆိုလို့...”
တစ်ပြိုင်တည်း ထွက်လာတဲ့ အသံနှစ်သံ ။ မြ သူမမျက်နှာကို တစ်ချက်စိုက်ကြည့်လိုက်သည်။ အကြီးအကျယ်ပျက်ယွင်းနေတဲ့ မျက်နှာထားနဲသူမက မြမျက်ဝန်းတွေကို ထိပ်တိုက်ရင်မဆိုင်ဝံ့သလို ကမန်းကတန်းမျက်လွှာချသွားသည် ။ မြ သူမအမေကို ခေါင်းအစခြေအဆုံး အထက်အောက် စုန်ဆန်ကြည့်လိုက်သည် ။ သူမအမေမျက်နှာက သနပ်ခါးမှုန်မှုန်ကလေးနဲ့ ကြည်စင်နေသည် ။ ရိုးသားရ်ိပ်က မျက်ဝန်းမှာ အပြည့်အ၀ထင်ဟပ်လို့ ။ အ၀တ်အစား နွမ်းပေမဲ့ အသွင်အပြင်ရဲ့ ရိုးသားကြည်စင်မှုကြောင့် သူမအမေကိုမြင်ရတာ အေးချမ်းနေသည် ။
YOU ARE READING
မြနဲ့ မာန
Romanceမြထားတဲ့မာနဆိုတာ မြ ကိုလူအများနဲ့ ခြားပေးမဲ့စည်းတစ်ကြောင်းမဟုတ် ။ မြရဲ့ မာန က မြဆိုတဲ့ဖြစ်တည်မှုကို ကာကွယ်ပေးမဲ့ တံတိုင်းငယ်လေးတစ်ခုသာ။