မျော်လင့်နေတာက တစ်ယောက် ။ ပေါ်လာတာကတစ်ယောက် ။ အတွေ့ချင်ဆုံးသူကို မတွေ့ရဘဲ တသက်လုံးမတွေ့ချင်တော့တဲ့သူကိုတွေ့နေရတဲ့ မြ ။ မြ ဟာ အမြဲ ကမောက်ကမ အဖြစ်တွေနဲ့ဘဲ ကြုံနေရတော့မှာလား ။ မြရဲ့ စိတ်ဆန္ဒတွေက ဘယ်တော့မှ အလွယ်တကူ မပြည့်နိုင်ရတာ ဘာကြောင့်များလဲ ။
ခေါ်လာသူ ကိုအပြစ်တင်ရမလား ။ ပေါ်လာရဲတဲ့သူကိုဘဲ မျက်နှာပြောက်တိုက်လိုက်တာလို့ အပြစ်ဖို့ရမလား ။ မြ မမနွယ်ကို ဆတ်ခနဲ လှည့်ကြည့်တော့ တောင်းပန်ရိပ်တွေ အပြည့်နဲ့ မျက်ဝန်းတစ်စုံကို တွေ့ရသည် ။ အဆိုးဝါးဆုံး အဖြစ်အပျက်တွေကို မျက်မြင်ကိုယ်တွေ့ကြုံဖူးတဲ့ မမနွယ်ကတော့ အကြောင်းမရှိဘဲနဲ့ ဒီမိန်းမကို မြရှေ့ခေါ်မလာလောက်ပါဘူး ။
”ဘာကိစ္စရှိသလဲ ညလေးငယ်...ငါ့ဆီက ဘာထပ်လိုချင်သေးလို့လဲ...”
စိတ်ခံစားချက်ကို အသံမှာ ထင်ဟပ်နေစေသောကြောင့် မြ အသံက ဘယ်လိုမှ ချိုသာနူးညံ့မနေ ။ သူမပြန်ဖြေတာ သုံးလုံးတည်း ။
”ခွင့်လွှတ်မှု…”
သူမစကားကြားတော့ မြ ဟက်ခနဲ ရယ်လိုက်မိသည် ။
”ဘာ...ခွင့်လွှတ်မှု ဟုတ်လား... နင့်ပါးစပ်က ပြောထွက်တယ်နော် ညလေးငယ်... နင်က ငါ့ခွင့်လွှတ်မှုနဲ့ ထိုက်တန်တယ်လို့ နင့်ကိုယ်နင်ထင်နေသလား…”
မြစကားသာပြောနေတာ ။ သူမမျက်နှာကို တချက်ကလေးတောင် မကြည့်မိ ။ ဧည့်သည်ဆိုလို့ ကြည့်မိတဲ့ တချက်ကလွဲရင် စကားပြောနေတဲ့ တချိန်လုံး မြအကြည့်ကို လေထဲသို့သာ ပို့ထားမိသည် ။
”မထိုက်တန်ဘူးဆိုတာ သိပေမဲ့ ဒို့ ဖူးသစ်ဆီက ခွင့်လွှတ်မှုကိုရမှ အသေဖြောင့်မှာမို့ပါ...”
”မဆိုင်လိုက်တာ…မင်းက အခုမှ အသေဖြောင့်ချင်လို့ဆိုပြီး မျက်ရည်ခံ လာထိုးနေတာ...ရယ်စရာဘဲ... လူမသေဘဲ စိတ်သေသွားရတဲ့ ငါ့ရဲ့အချိန်တွေအတွက် မင်းဘယ်လို ပြန်ပေးဆပ်မလဲ…”
”ဖူးသစ်အပေါ်မှာ ပြုမိတဲ့ အပြစ်တွေအတွက် ဒို့ကို ကံကြမ္မာက လှလှပပကြီး အပြစ်ဒဏ်ခတ်ပြီးပါပြီ...
လူလူချင်းပေးတဲ့ အပြစ်ထက် ကိုယ်ပြုတဲ့ဒဏ် ကိုယ်ပြန်ခံရတဲ့အပြစ်က ပိုကြောက်စရာကောင်းပါတယ် ဖူးသစ်…”
YOU ARE READING
မွနဲ့ မာန
Romanceမြထားတဲ့မာနဆိုတာ မြ ကိုလူအများနဲ့ ခြားပေးမဲ့စည်းတစ်ကြောင်းမဟုတ် ။ မြရဲ့ မာန က မြဆိုတဲ့ဖြစ်တည်မှုကို ကာကွယ်ပေးမဲ့ တံတိုင်းငယ်လေးတစ်ခုသာ။