အပိုင္း...၆

3.9K 408 29
                                    


unicode
မြသည် ဖေဖေနဲ့ ရီရီရှေ့မှာ ခေါင်းငိုက်စိုက်ချ ထိုင်နေမိသည် ။ နှစ်ယောက်လုံးက မြကို အပြစ်မပြောကြပေမဲ့ ခုချိန်မှာ မြက အပြစ်ရှိသူမဟုတ်လား ။ ကိုယ့်အပြစ်ရှိရဲ့နဲ့ အဖေရှေ့မှာ ရဲဝံ့ဝင့်ထည်နေတဲ့ မျက်နှာလှလှလေးကို မြမြင်ယောင်လာမိပြန်သည် ။ ပက်ကင်လှလှလေးက်ို အထင်ကြီးမက်မောပြီး ၀ယ်လိုက်မိတဲ့ ပစ္စည်းက ဖွင့်ကြည့်လိုက်မှ ကိုယ့်အတွက် အဆိပ်တွေဆိုတာ သိလိုက်ရတာ။
မြအတွက်ကံကောင်းတာက အဆိပ်ထိခဲ့ပေမဲ့ သေလောက်တဲ့အထိတော့ အန္တရာယ် မဖြစ်ခဲ့တာပင် ။ အဆိပ်ထိဒဏ်ရာကိုတော့ မြ အချိန်ယူကုသရပါဦးမည် ။

   ”သိပ်နောက်မကျသေးခင်သိလိုက်ရပေမဲ့ဝမ်းသာစရာတော့မကောင်းဘူးသမီး...ကုမ္မဏီရဲ့ လည်ပတ်နေတဲ့ ငွေရင်းထဲက ဘယ်နေရာမှာ ဘယ်လောက် သုံးပစ်ပြီးပြီလဲဆိုတာ သမီးအသိဆုံးပဲ...ဒီထက်ပိုကြာခဲ့ရင် အိမ်တိုင်ပါချွတ်ပေးဖို့များ စဉ်းစားထားသလား...”

     ဖေဖေ့အသံကြောင့် မြ အတွေးထဲကနေရုန်းထွက် လွတ်မြောက်လာရသလို ဖေဖေပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကြောင့် မြ ဖေဖေ့ကို တုန်နေအောင် ကြောက်မိသည် ။ ဖေဖေ့စကားထဲမှာ အပြစ်တင်သံမပါ ။ ဒေါသငွေ့မပါ ။ အဖြစ်အပျက်ကို မြ ဆင်ခြင်နိုင်ဖို့ ပြောပြနေတာ ဆိုတဲ့လေသံ။

    မြ အရမ်းရှက်တယ် ။ ခုချိန်မှာ အငွေ့ပျံလို့ရတဲ့ရေတစ်စက်သာဖြစ်ခဲ့ရင် မြ အပူလွန်ပြီး ပျောက်ဆုံးသွားလိုက်ချင်သည် ။

     ”သမီးကို ငယ်ငယ်လေးကတည်းက ဖေဖေ ရိုက်နှက်ပြီး မဆုံးမခဲ့ဖူးဘူးဆိုတာ သမီးသိတယ်နော်…”

     ”ဟုတ်...ဟုတ်ကဲ့ဖေ…”

    မြအသံသည် တုန်ရီကွဲအက်နေသည် ။ မြ အမှားအပေါ် အမြဲသိမ်ငယ်ရှက်ရွံ့နေရတော့မှာ မြကြောက်ပါသည် ။ အဲ့ဒီအစား ခန္ဓာကိုယ်ကို နာကျင်အောင်ရိုက်နှက် အပြစ်ပေးတာကို မြ ခံလိုက်ချင်သည် ။
အစကတည်းက ဒီအခြေအနေရောက်လာမှာကို မစဉ်းစားခဲ့ဘူးလားလို့မေးရင် မြ မှာ အဖြေ ရှိပါသည် ။ အချစ်ကလူကိုစုံလုံးကန်းစေတယ် ဟု ။

မြနဲ့ မာနWhere stories live. Discover now