အပိုင်း...၁၅

3.3K 345 69
                                    


    ”ဟင့်အင်း..မလိုက်ချင်ဘူးပန်း..မြနေခဲ့မယ်.. မလိုက်ပါရစေနဲ့နော်...”

မြရဲ့ အငြင်းစကားကြောင့် ပန်းမျက်နှာ ကွက်ခနဲ ပျက်သွားသည် ။ သူ့အစ်မနဲ့ မြကို ပြေလည်စေချင်တဲ့ ပန်းရဲ့စေတနာကို မြနားလည်ပေမဲ့ ပန်းဖြစ်စေချင်သလို ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုတာကိုလည်း
မြ သိနေပါတယ် ။

     ”မြရယ်..ဒို့ကော..ထူးလေးပါ မြအနားမှာရှိနေမှာပါ..လိုက်ခဲ့ပါမြရယ်နော်...
တအိမ်လုံး လာခဲ့ဖို့ ဖိတ်ထားတာကို မြကျန်နေလို့ ဘယ်ကောင်းပါ့မလဲ.. မကြောက်ပါနဲ့မြရဲ့...မမမေ က အပြောသာဆိုးတာ သဘောကောင်းပါတယ်...”
   
     မြ ပန်းကို ဆက်မငြင်းချင်တော့ ။ ဒီနေ့ သူ့မေမေက မြတို့တစ်အိမ်သားလုံးကို ထမင်းစားဖိတ်ထားသည် ။ မြ သိပါသည် ။ တအိမ်လုံးဆိုတာ မကောင်းတတ်လို့ ပြောမှန်း ။ သူ့မေမေ မြကိုမြင်တိုင်း ပြောင်းလဲခက်မာသွားတဲ့ မျက်နှာထားကို မြင်ယောင်တိုင်း မြ ဒေါ်မေဦးနဲ့ မျက်နှာခြင်းဆိုင်ဖို့ အမြဲတွန့်ဆုတ်ခဲ့ရတာ ။

    ”လာပါမြရယ်... ပန်းတို့ အရင်သွားနှင့်ကြမယ်လေ...နည်းနည်းပါးပါး လုပ်ကုရအောင်...ရီရီတို့က စားခါနီးမှ လာကြပါစေပေါ့...မြနဲ့ မမမေနဲ့လည်း ခုထက်ပို ရင်းနှီးသွားအောင်လေ...”

”ဟုတ်ပါပြီ ပန်းရယ်... မြလိုက်ခဲ့ပါမယ်...”

မြအဖြေကြောင့် ပန်းကပျော်ရွှင်ကျေနပ်သွားဟန် ပြုံးနေသည် ။

”စိတ်မပူနဲ့နော် မြ... မြတို့ လိမ္မော်ခြံမှာ သွားနေဖို့
အဆင်ပြေအောင် ပန်းကူညီပါ့မယ် ...”

ပန်းစကားကြောင့် မြတအံ့တသြဖြစ်သွားရသည် ။

”ဟင်...ပန်းကအဲ့ဒါကို ဘယ်လိုသိတာလဲ... သူပြောပြတာလား…”

”မဟုတ်ပါဘူး မြရဲ့ အဲ့နေ့ညက မြအခန်းကိုလာရင်း အမှတ်မထင်ကြားလိုက်တာပါ...”

   အဲ့ဒါဆို ပန်းအကုန်များကြားသွားသလား။မြ ရှက်ရွံ့စိတ်နဲ့ အသံတိတ်သွားတော့ ပန်းလည်း အလိုက်တသိ ငြိမ်သွားသည် ။  ပန်းခေါ်ရာသို့ လိုက်ပါလာတဲ့ မြရင်ထဲမှာ လေးပင်နေသည် ။ မြ ကို မနှစ်သက်တဲ့ ဒေါ်မေဦးရဲ့စိတ်က တော်ယုံမှမဟုတ်တာ ။ ဘာဘဲ ဖြစ်ဖြစ် သူ့အတွက်ဆိုတဲ့စိတ်နဲ့ မြ မဖြစ်မနေသီးခံပါမည် ။ မြတို့ လိမ္မော်ခြံလေးမှာ သွားနေဖြစ်ကြရင် ဒါတွေအားလုံးက သိပ်မလှတဲ့ အတိတ်ဖြစ်သွားမှာ မဟုတ်လား ။

မွနဲ့ မာနWhere stories live. Discover now