Chapter 3

89 15 9
                                    

ဆောင်းရာသီ၏ မြူရစ်ဆိုင်းသော
မနက်ခင်းတစ်ခုတွင်ဖြစ်သည်။

17 နှစ်အရွယ် ကောင်လေးတစ်ယောက်ကတော့ စက်ဘီးအညိုလေးကိုစီးလာရင်း ပန်းနုရောင်ရွက်ကြွေတွေရှိသည့် လမ်းအချိုးလေးထဲကွေ့ဝင်လာလျက်ရှိသည်။

နှစ်ထပ်တိုက်လေးတစ်ခုရဲ့ရှေ့ကိုရောက်တော့ စက်ဘီးလေးကိုအရှိန်လျှော့ကာရပ်လိုက်တယ်။ခြံတံခါးလေးက လူတစ်ရပ်လောက်မမြင့်တာမို့ အိမ်လေးထဲကိုလှမ်းပြီးမြင်နေရသည်။

"ကလင် ကလင်"

စက်ဘီးက bell လေးကိုတီးလိုက်တော့
ဒုတိယထပ်ရဲ့ဝရန်တာမှာ လှစ်ခနဲထွက်လာတဲ့ အရိပ်ကလေး။

"Billkin"

လက်နှစ်ဖက်ကိုဝှေ့ယမ်းကာနှုတ်ဆက်တဲ့ကောင်လေးဟာ ခြေထောက်လေးကိုလည်းခုန်ဆွခုန်ဆွလုပ်ရင်း ရွှင်မြူးနေပါသေးတယ်။

မိနစ်ဝက်တောင်မကြာလိုက်
ကောင်လေးက
ခြံတံခါးလေးကိုဖွင့်ရင်း သူ့ရဲ့ရပ်ထားတဲ့စက်ဘီးလေးရှေ့မှာလာရပ်တယ်။

"Billkin ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"ဒါပေါ့ PP လေးရဲ့"

အဖြူရောင်ဟူဒီခေါင်းစွပ်အောက်မှာ ဖြူဖွေးနုဖတ်နေတဲ့မျက်နှာလေးဟာ
အအေးဓာတ်ကြောင့် အနီရောင်လေးလည်းသန်းနေပါသေးတယ်။

"ရော့"

စက်ဘီးရှေ့ခြင်းထဲက အထုပ်လေးကိုလှမ်းပေးတော့ တပွေ့တပိုက်လေးယူပြီး ဖြေကြည့်ရှာတယ်။

ပူပူနွေးနွေး ပေါက်စီလေးတွေကိုမြင်တော့လည်း ပြုံးသွားလိုက်တာများ
ပါးချိုင့်သေးသေးလေးတောင်ပေါ်လာတယ်။

"ကောင်းကောင်းစားပါ့မယ်"

"ဟုတ်ပါပြီဗျာ"

ပေါက်စီလေးတစ်လုံးကိုယူတယ်။
အလယ်ကနေတစ်ဝက်ပြန်ခွဲတယ်။
နောက်တော့ တစ်ဝက်ကို Billkin ဆီကမ်းလာတယ်။သူကိုယ်တိုင်လည်း
ကျန်တဲ့ပေါက်စီတစ်ဝက်ကို ပါးဖောင်းဖောင်းလေးထဲ ငုံကာစားတယ်။

"PP Krit လေး အသားတွေပတ်နေပြန်ပြီ"

"အွန်"

နီနီရဲရဲ ပါးဖောင်းဖောင်းလေးနှစ်ဖက်ဟာ ဒီရက်ပိုင်းတွေမှာပိုကဲလာတဲ့
အအေးဓာတ်ကြောင့် အသားပတ်နေတဲ့အနေအထားသေးသေးလေးတွေရှိနေတယ်။

Stars In Your EyesWhere stories live. Discover now