Chapter 9

73 9 2
                                    

အထက်တန်းနောက်ဆုံးနှစ်ရဲ့ စာမေးပွဲကြီးလည်းဖြေဆိုနေပြီမို့ မကြာခင်မှာ နွေဦးကိုရောက်လာတော့မည်ဖြစ်ရာ
နေ့သစ်ရဲ့အစမှာကတည်းက ယခင်လို အေးစက်စက်နှင်းမှုန်လေးတွေကိုမြင်ရန် ခဲယဥ်းနေပြီဖြစ်သည်။

မနက်ဖြန်မှာဖြေဆိုရမယ့်ဘာသာက
သင်္ချာဘာသာရပ်မို့ခေါင်းအေးအေးထားကာ သိပ်ပြီးမကျေခဲ့သည့်အပိုင်းတွေကိုပြန်တွက်နေမိသည်။

ခြံထဲကမြေကွက်လပ်လေးမှာ စားပွဲလေးတစ်လုံးကိုချထားပြီး တီရှပ်ပွပွကြီးကိုပေါင်လယ်လောက်ရှိတဲ့ဘောင်းဘီအတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ PP Krit လေးရဲ့ပုံစံက အေးအေးလူလူရှိလှသည်။

သူ့ထက်ပိုပြီး အေးဆေးနေသူက Billkin။

နဖူးပေါ်ဆံပင်တွေဝေ့ဝဲကျနေရင် ပူတယ် ဆိုတဲ့အကြောင်းပြချက်နဲ့
စကုပ်အမည်းလေးကိုသုံးကာ ဆံပင်တွေကိုအနောက်သို့လှန်တင်ထားပြီး
တီရှပ်လက်ပြတ်ကိုဝတ်ထားသူက
သူ့အိမ်သူ့ရာလို။

အင်္ဂလိပ်စာဖြေပြီးတော့ ကျောင်းနှစ်ရက်ပိတ်ပေးတာမို့ သင်္ချာအတွက်လေ့ကျင့်ချိန်တွေလည်းပိုနေကာ PP ကတော့ သိပ်ပြီးမစိုးရိမ်ပေ။

မနက်ခင်းရဲ့နေရောင်ခြည်ဖျော့ဖျော့ဟာ တစ်ကမ္ဘာလုံးကိုဖြန့်ကျက်လျက်ရှိပြီး စာကြည့်နေတဲ့စားပွဲရဲ့နံဘေးမှာ
လီမွန်သီးပင်ကြီးလည်းရှိနေတာမို့
လီမွန်သီးများရဲ့ရနံ့ကလည်း တကယ့်ကိုနွေဦးရဲ့vibe အပြည့်ရနေတာဖြစ်၏။

နေရောင်ကတစ်ချက်တစ်ချက်
PP Krit လေးရဲ့မျက်နှာလေးကိုလာလာရန်ရှာနေတာမို့ Billkin က သူ့ရဲ့ခန္ဓာကိုယ်ကိုရှေ့သို့အနည်းငယ်တိုးကာ ကာကွယ်ပေးထားတယ်။

ဘောပင်လေးကိုသုံးကာ စာရေးနေတဲ့လက်သွယ်သွယ်တွေဟာ ပျော့ပျောင်းရှည်လျားနေပြီး လက်သည်းလေးတွေဟာလည်း အနည်းငယ်ရှည်နေ
သယောင်ယောင်။

Billkin က သင်္ချာကိန်းဂဏန်းတွေရေးနေတဲ့ PP Krit လေးရဲ့စာမျက်နှာတွေပေါ် တစ်ချက်ကြည့်လိုက်ရင်းကနေ

"PP Krit လေး..... 1 ရယ် 7 ရယ်ကို
ကွဲအောင်ရေးဖို့လည်းသတိထားဦးနော်။

Stars In Your EyesWhere stories live. Discover now