Chapter 12

96 9 11
                                    

"ကိုကို..... Jay ကပြောတယ် သူစာပို့ထားတာလေးဖတ်ကြည့်ပေးပါဦးတဲ့"

စားပွဲပေါ်က စာအုပ်တွေထဲကနေ
ဖတ်ပြီးသမျှစာအုပ်တွေကို စဥ်နေရင်း
ညီမလေးက အခန်းထဲကိုရောက်လာပြီး အနားကပ်ကာပြောတယ်။

"တော်ပါပြီ.....အဲ့ကောင်လေးက
သီချင်းတွေပဲလာလာဆိုပြနေတာ
တစ်နေ့နဲ့တစ်နေ့ သူ့ကိုစာပြန်နေရတာအပျင်းဆုံးပဲ။

တစ်နေ့တစ်မျိုး မရိုးရဘူးအဲ့ကောင်လေး"

"ဟာဟ....သူက ကိုကို့ကိုသဘောကျနေတာပဲကို ကိုကို့ဆီက attention ရဖို့ သူကအကုန်ကြိုးစားမှာလေ ကိုကိုရဲ့။

ကျောင်းမှာဆိုလည်း သီချင်းတွေထိုင်ရေးနေလို့ ဆရာတွေကစာမေးရင်
မရတာချည်းပဲ။ဘာတွေရေးနေသလဲဆိုရင် ကိုကို့ကိုရည်ရွယ်ပြီးသီချင်းတွေ
ရေးတယ်တဲ့။

ပုံတွေဆွဲရင်လည်း ကိုကို့ရဲ့ပုံတူတွေချည်းပဲ။တကယ် တကယ် ဘီဘီ့ကို
ကျောင်းလာကြိုမှမြင်ရတဲ့ ကိုကို့ကို
သူ့မှာအရည်တွေပျော်ဝင်နေတာကြာလှပြီ"

"ဒီခေတ်ကလေးတွေနဲ့လည်း ခက်ပါတယ်နော် ငါတို့တုန်းကဆိုရင် အဲ့ဒီလိုကိုယ်သဘောကျနေတာကို ပေါ်ပေါ်ထင်ထင်မပြောရဲဘူး တိတ်တိတ်လေးပဲ ခိုးချစ်ရတာ"

"အမယ် ကိုကို အချစ်မှာပျော်ဝင်ခဲ့တုန်းကဆိုရင် အဲ့ဒီထက်တောင်ပိုဆိုးပါသေးတယ်နော် အကုန်သိသာနေတာကို။

ကိုကို Billkin ကလည်း....."

"တော်ပါတော့ ဘီဘီရယ်....

ကိုကိုအခုစာရေးစရာတွေရှိသေးတယ်။စကား​ပြောချင်ရင် နောက်မှလာပြောလှည့်"

စာရေးဖို့ ဘောပင်ကိုကောက်ကိုင်လိုက်ပေမယ့် PP Krit ရဲ့လက်တွေဟာ
အနည်းငယ်တုန်ယင်နေတယ်။

နှလုံးခုန်သံတွေဟာ တဖြည်းဖြည်းနဲ့
နှေးလာပြီး အသက်ရှုရတာတောင်မဝတော့သလိုပဲ။

မေ့ပစ်ထားခဲ့တဲ့ အတိတ်တွေလေ။
အဆင်ပြေနေသလိုပုံစံမျိုးနဲ့ မမေ့ချင်ဘဲ မေ့ပစ်ခဲ့ရတဲ့ မေ့ပစ်ဖို့လိုအပ်တဲ့
အတိတ်တွေပါ။

"အချိန်တွေကြာပြီလေ ကိုကိုရဲ့။
ညီမလေးက ကိုကို့ကိုအဲ့ဒီအရာအားလုံးကိုမေ့ပစ်နိုင်ပြီထင်နေတာမို့ပြောပြမိတာ"

Stars In Your EyesWhere stories live. Discover now