Chapter 14

103 10 11
                                    

"ဖေဖေ သွေးတိုးပြီးမူးလဲသွားလို့" ဆိုတဲ့သတင်းကြောင့် တစ်အိမ်လုံးလည်း
ပျာယာခတ်နေကြပြီး အဝေးကဆွေမျိုးတွေကပါ ဆေးရုံကိုရောက်လာကြသည်။

"ဦးနှောက်သွေးကြောပြတ်နေပြီတဲ့
တော်သေးတာပေါ့ ဆေးရုံကိုအချိန်မီရောက်လို့။မဟုတ်ရင် မတွေးရဲစရာကြီး မမရယ်"

"အဖေကြီးက အလုပ်ကိုတအားလုပ်တာ နားချိန်ဆိုလည်းသူ့မှာမနားဘူး။
ကုမ္ပဏီကလည်း အရောင်းအဝယ်တွေပါးနေတော့ တတ်နိုင်သမျှပိုပြီးကြိုးစားနေတာ။

အသက်တော့မဆုံးရှုံးရပေမယ့် သတိပြန်ရလာဖို့စောင့်ကြည့်ရဦးမယ်တဲ့"

မေမေ့ရဲ့မျက်ရည်စက်လက်နဲ့အပြောအောက်မှာ ဆေးရုံကုတင်ဘေးမှာထိုင်နေတဲ့ Billkin က ကမ္ဘာကြီးပြိုကျလုမတတ်ဖြစ်သွားရတာ။

PP ထွက်သွားတာမှ တစ်ရက်မပြည့်သေးဘူး အခုလိုဖေဖေကပါ ထပ်ဖြစ်တော့ Billkin ရဲ့မျက်နှာကတကယ့်ကိုဇီးရွက်လောက်ပဲ ရှိတော့တယ်။ဖေဖေက သတိပြန်ရဖို့ရာခိုင်နှုန်းနည်းသေးတယ်တဲ့။သတိပြန်လည်လာရင်တောင် အရင်လို ကျန်းကျန်းမာမာပြန်ဖြစ်နိုင်ပါဦးမလား။

ဖေဖေ့ရဲ့ကုမ္ပဏီက ကုန်ကြမ်းတွေတင်သွင်းတဲ့စက်ရုံတွေနဲ့ချိတ်ထားရတဲ့ အသေးစားကုမ္ပဏီလေးပါ။

ရှယ်ယာရှင်ကလည်း ဖေဖေ့ရဲ့မိတ်ဆွေနှစ်ယောက်လောက်ပဲရှိတာမို့ အရင်ကတည်းက ပေါ့ပေါ့ပါးပါးလည်ပတ်နိုင်ခဲ့သမျှ အခုလိုဖေဖေ့ရဲ့ကျန်းမာရေးသတင်းကိုကြားတော့ ကုန်ကြမ်းတင်သွင်းရမယ့်စက်ရုံက ငွေလွှဲကိုအရင်လွှဲပေးရမယ်လို့ဆိုလာတယ်။အရင်က ကုန်ကြမ်းတွေအတွက် တန်ဖိုးရဲ့သုံးပုံတစ်ပုံကိုလွှဲထားရပြီး ပစ္စည်းအားလုံးရောင်းထွက်သွားတဲ့အချိန်ကျမှ ကျန်ငွေတွေပေးရတာမျိုးမို့ အခက်အခဲမရှိခဲ့ဘူးလေ။အခုအခြေအနေမှာ ပစ္စည်းတန်ဖိုးအားလုံးကိုပေးချေရမယ်ဆိုတော့ လက်ထဲမှာလည်းအဲ့ဒီလောက်ငွေသားအလုံအလောက်မရှိပြန်ဘူး။

ဖေဖေ ဆေးရုံကကုတင်ပေါ်မှာလှဲနေရတဲ့အချိန်အတွင်း ကုမ္ပဏီရဲ့အရာအားလုံးက 18 နှစ်အရွယ် Billkin ရဲ့ခေါင်းပေါ်ကို ပုံကျလာတယ်။

Stars In Your EyesWhere stories live. Discover now