Chapter 2

94 13 0
                                    

[U]

"သားရေ... မေမေနေ့လယ်ကျ
ကုန်တိုက်ကိုသွားမလို့ ဘာမှာချင်သေးလဲ။ညကျရင် သားမွေးနေ့အတွက် ညစာစားပွဲလေးလုပ်ပေးမလို့လေ... သားလိုချင်တာရှိရင် မေမေ့ကိုတစ်ခါထဲပြောလိုက်နော်"

"ဘာမှမလိုသေးပါဘူး မေမေ"

"အဲ့ဒါဆိုလည်း ပိတ်ရက်ကျမှပဲသားနဲ့တူတူသွားမယ်လေ နော်။

ထမင်းဘူးလည်းပြင်ပြီးပြီနော် သားသား။သူငယ်ချင်းတွေကိုလည်း ကျွေးဖို့မုန့်တွေထည့်ပေးလိုက်တယ်။သားပြောပြောနေတဲ့ ကလေးကိုလည်း မုန့်ကျွေးဖို့မမေ့နဲ့ဦးနော်"

"ဟုတ်"

11 နှစ်အရွယ် Billkin က စကားနည်းတယ်။စတတ် နောက်တတ်တဲ့ကလေးလေးဖြစ်ပေမယ့် မိဘတွေနဲ့ဆိုရင်တော့ စကားသိပ်မပြောဘူး။တစ်ဦးတည်းသောသားလေးဆိုတော့ အိမ်မှာလည်း အဖော်မရှိတာမို့ သူငယ်ချင်းတွေကိုတော့ တော်တော်လေးခင်မင်တတ်တယ်။

အိမ်ကို သူငယ်ချင်းတွေခေါ်လာလေ့မရှိတဲ့ Billkin လေးက သူနဲ့မရင်းနှီးတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းကိုတော့ သူ့မေမေကိုပြောပြလေ့ရှိတယ်။

အဲ့ဒီကောင်လေးဟာ မြောက်ဘက်ကျောင်းကိုတက်နေတဲ့ကောင်လေးဖြစ်ကြောင်း၊အနီရောင် အသုံးအဆောင်လေးတွေကိုကြိုက်နှစ်သက်သူဖြစ်ကြောင်း၊
ဖြူဖြူဥဥကောင်လေးရဲ့ မျက်တောင်ရှည်တွေဟာ သိပ်ကိုလှကြောင်း...
အဲ့ဒီလိုမျိုး Billkin လေးက သူ့အမေကို ပြောပြလေ့ရှိတယ်။

"သူနဲ့ရင်းနှီးချင်တယ် မေမေ...
သားဘယ်လိုလုပ်ရမလဲ မသိပါဘူး"

ဒါကတော့ Billkin လေး သူ့အမေကိုမေးနေကျ စကားလုံးလေးပဲ။

သူနဲ့ မရင်းနှီးတဲ့ နေ့တိုင်းတွေ့နေကျ ကောင်လေးကို သူ့မှာခင်ချင်ရတယ်။
အဲ့ဒီကောင်လေးနဲ့ လမ်းခုလတ်တစ်နေရာမှာရပ်ပြီး စကားတွေပြောချင်တယ်။မုန့်တွေအတူတူစားချင်တယ်။
အသက်တူရွယ်တူလား...အတန်းတူရဲ့လား...မေးချင်မိတယ်။

အင်္ကျီဘယ်ဘက်မှာရှိတဲ့ရင်ထိုးလေးပေါ်မှာထိုးထားတဲ့
Krit Amnuaydechkorn ဆိုတဲ့နာမည်လေးဟာ Billkin လေး မရမကဖတ်ခဲ့ရတဲ့ အဲ့ဒီအဖြူကောင်သေးလေးရဲ့ နာမည်ပါပဲ။

Stars In Your EyesOnde histórias criam vida. Descubra agora