"သားသား အားလုံးစုံအောင်ထည့်ပြီးသွားရင်လည်း တစ်ခါလောက်ထပ်ပြီးစစ်လိုက်ဦးနော်....မေ့ကျန်ခဲ့မယ့်ပစ္စည်းမရှိအောင်လို့""ဟုတ်မေမေ.... အကုန်လုံးကိုတော့
စုံအောင်ထည့်ပြီးပါပြီ...ညမအိပ်ခင်တစ်ချက်ပြန်ပြီးစစ်လိုက်ပါမယ်""အဲ့ဒါဆို မေမေ သားညီမလေးအခန်းထဲတစ်ချက်သွားကြည့်လိုက်ဦးမယ်
သူဘာတွေထည့်ထားပြီးပြီလဲမသိဘူး"ခပ်သုတ်သုတ်နဲ့ ညီမလေးအခန်းထဲဝင်သွားတဲ့ မေမေ့ကိုကြည့်ရင်း ခရီးဆောင်အိတ်ရဲ့အပေါ်ဆုံးဇစ်ကိုဆွဲပိတ်လိုက်သည်။အဝတ်အစားတွေနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကိုလည်းထည့်ပြီးသွားပြီ။စာအုပ်တွေကိုလည်း အရင်နေ့ထဲက ထည့်ထားပြီးသားမို့ ဘာမှလုပ်စရာမလိုတော့ပေ။
ဒီနေ့က ဒီအိမ်လေးမှာရှိရမယ့်
နောက်ဆုံးရက်။ပြောရရင် ဒီမြို့လေးမှာသူရှိခွင့်ရမယ့်
နောက်ဆုံးရက်ပေါ့။
မနက်ဖြန်ဆိုရင် ဖေဖေ့ရဲ့အလုပ်က
အခြားတစ်နေရာဆီပြောင်းရတော့မှာမို့ ဒီမြို့လေးကနေထွက်ခွာသွားရတော့မည်လေ။အစိုးရဝန်ထမ်းရဲ့သားသမီးမို့ တစ်နယ်တစ်ကျေးကိုပြောင်းရွေ့ရတိုင်း ကျန်ရစ်ခဲ့သည့်မြို့လေးတွေကိုလွမ်းမိပေမယ့် အခုမြို့လေးကတော့ သံယောဇဥ်ပိုသည်။
အလယ်တန်းပထမနှစ် မတက်ခင်ကတည်းကနေ အခုလိုအထက်တန်းနောက်ဆုံးနှစ်ပြီးဆုံးသည်ထိ အချိန်အကြာကြီးနေခဲ့ရတာတစ်ကြောင်း....
သူငယ်ချင်းတစ်ချို့ရခဲ့တာတစ်ကြောင်းအပြင် အချစ်ဦး ကိုပါရှာတွေ့ခဲ့တဲ့မြို့လေးမို့ ဖြစ်နိုင်ရင် ဒီမြို့လေးနဲ့
ထိုသူကို ခွဲမသွားချင်ခဲ့ဘူး။ဒါပေမယ့်လည်း မိသားစုလိုက်ပြောင်းရွှေ့ရမှာမို့ PP Krit လေးလည်းဘာမှမတတ်နိုင်ပါ။
Kin နဲ့ပြန်ဆုံဖို့ကိုအမြဲမျှော်လင့်နေမိတော့မှာပါပဲ။
လွန်ခဲ့တဲ့နှစ်ပတ်လောက်က
Kin ကို ဒီအပြောင်းအရွှေ့အကြောင်းပြောပြတုန်းကလည်း နှစ်ယောက်သားငိုခဲ့ရသေးသည်။ဘယ်လိုအခြေအနေရောက်ရောက် ခွဲမသွားချင်ဘူးလေ။
နှလုံးသားတွေမှ နီးစပ်ရုံရှိသေးတယ်
ကွဲကွာခြင်းတွေကအစပျိုးလာချေပြီ။
YOU ARE READING
Stars In Your Eyes
Fanfictionရုပ်ရှင်တွေထဲကလို PP Krit ဟာ လမ်းတစ်ဝက်မှာဖိနပ်မပြတ်ခဲ့သလို သူနဲ့ Kin ဟာလည်း အဲ့ဒီမြေနီလမ်းလေးမှာ ပုခုံးစွန်းတွေမတိုက်မိခဲ့ကြဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ အသက် 11 နှစ်အရွယ်မှာ ရိုးရှင်းစွာနဲ့ တွေ့ဆုံခဲ့ကြပါတယ်။