Chapter 5

81 14 5
                                    

ဒီနေ့က ကျောင်းပိတ်ရက်။
ပုံမှန်ဆိုရင် ကျောင်းပိတ်ရက်ရောက်တိုင်း
မနက် ရှစ်နာရီကျော်လောက်မှ နိုးတတ်တဲ့ PP Krit လေးက ဒီနေ့မှာတော့အစောကြီးနိုးလာခဲ့တယ်။

မီးဖိုခန်းထဲဝင်ကြည့်တော့ မေမေက သံဃာတော်တွေကို လောင်းဖို့ဆွမ်းဟင်းတွေချက်နေပြီ။

"မေမေ....ဘာကူပေးရမလဲ"

မေမေက PP ရဲ့အသံကိုကြားတော့
ဟင်းချက်နေရာကနေ နောက်ကိုလှည့်
ကြည့်လာတယ်။မျက်နှာသစ်ပြီး ရေခြောက်အောင်မသုတ်ရသေးတာမို့
ရေစက်လေးတွေသီးနေတဲ့ PP Krit လေးရဲ့မျက်နှာနုနုလေးဟာ စိုစိုစိစိလေး။

"သားသား အစောကြီးနိုးနေတာလား
ဒီနေ့ပိတ်ရက်ကို မအိပ်ဘူးပေါ့"

"ဟုတ်....

မေမေ ဆွမ်းလောင်းဖို့ပြင်နေတာမလား။
PP ဒီနေ့ဆွမ်းလောင်းမယ်နော်"

ခေါင်းညိမ့်ပြလာတဲ့ မေမေက PP Krit လေးရဲ့ပါးပြင်လေးပေါ်ကိုလည်း အနမ်းတစ်ပွင့်ပေးလာတယ်။PP ကလည်း မေမေ့ကိုယ်လုံးလေးကို လက်နှစ်ဖက်နဲ့တသ်းတင်းကျပ်ကျပ်ဖက်ထားမိတာပါပဲ။
ဟင်းနံ့လေးတွေ ရောယှက်နေတဲ့ မေမေ့ရင်ခွင်က PP အတွက်တော့အနွေးထွေးရဆုံးသော ရင်ခွင်တံတိုင်းကြီးတစ်ခုလိုပါပဲ။

မေမေ ဆွမ်းဟင်းတွေချက်ပြီးတဲ့အချိန်မှာတော့
PP က အိမ်ရှေ့လေးမှာ သံဃာတော်တွေကို ဆွမ်းလောင်းတယ်။မနက်စောစောထလို့ပဲလား သံဃာတော်တွေကိုဆွမ်းလောင်းကာ ကုသိုလ်ယူလိုက်လို့ပဲလား မသိ သာမန်နေ့တွေထက်ပိုပြီးစိတ်တွေအေးချမ်းကာ လန်းဆန်းနေတာမို့ PP Krit လေးမှာ
Billkin ကို မဆီမဆိုင်သတိရမိသွားရသေးသည်။

ဆွမ်းလောင်းပြီးလို့ ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအဝဝကို အမျှပေးဝေသည့်အချိန်မှာလည်း Billkin တစ်ယောက် အေးချမ်းပျော်ရွှင်ပါစေ ဆိုတဲ့မေတ္တာလေးကိုပို့သဖို့ကိုလည်း မမေ့ခဲ့ပါ။

တစ်ခုပေးတဲ့အချိန်တိုင်း တစ်ခုပြန်ရရဲ့လားဆိုတာကို PP Krit လေးက သေချာမသိပေမယ့် Billkin အပေါ်ပို့သတဲ့
မေတ္တာဓာတ်တွေကြောင့် သူ့ဆီကနေ
မေတ္တာတွေကိုသာ ပြန်ရချင်ပါတယ်။

Stars In Your EyesWhere stories live. Discover now