Chapter 13

84 10 5
                                    

"စေ့စပ်ပွဲကျရင် မေမေကသူကိုယ်တိုင်ဝတ်စုံတွေချုပ်ပေးမယ်တဲ့ အဲ့ဒါ
ကိုယ်တိုင်းတိုင်းဖို့ အိမ်ကိုလိုက်ခဲ့ဦးနော်"

သစ်သီးတွေဝယ်ဖို့ရွေးနေတဲ့ Rachel က Billkin ကိုပြုံးကြည့်ရင်းပြောလာတယ်။

Rachel ရဲ့အိမ်ကသူတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲကိုမြန်မြန်ဖြစ်စေချင်နေပြီး
ခဏခဏတိုက်တွန်းနေတာမို့ Billkin က စေ့စပ်ပွဲကိုလက်ခံလိုက်တာဖြစ်သည်။ကိုယ်တိုင် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Rachel ရဲ့အမေက
သူ့သမီးရဲ့စေ့စပ်ပွဲဝတ်စုံကို ကိုယ်တိုင်ချုပ်ပေးတာ သဘာဝကျပါတယ်။
ဒီသမီးတစ်ယောက်ပဲရှိတဲ့အိမ်မှာ
အဖေရောအမေရောက Rachel ဖြစ်ချင်တာမှန်သမျှကို လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးတတ်တာ။
အခုဆိုရင် စေ့စပ်ပွဲအတွက်လည်း
သူတို့အိမ်ဘက်ကပဲ အရာရာကိုစီစဥ်ပေးသွားတာ....Billkin မှာဘာမှကို
အလုပ်မရှုပ်ရဘူး။

Billkin တို့မိသားစု ဒီမြို့ကိုပြောင်းလာခဲ့တဲ့ လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက
ဖေဖေ့ရဲ့အသိမိတ်ဆွေတွေဖြစ်တဲ့
Rachel ရဲ့မိဘတွေက စီးပွားရေးကအစ ကျန်းမာရေးအဆုံးကူညီပေးခဲ့တာ။

ပြောရရင် ဒီစေ့စပ်ပွဲဟာလည်း
ကျေးဇူးတရားကြောင့်ဖြစ်လာတဲ့
နှောင်ကြိုးအပိုတစ်ခုပါပဲ။

"ဒီဟာလေးတွေထည့်ပေးလိုက်ပါနော်
ဘယ်လောက်ကျသလဲရှင့်"

စတော်ဘယ်ရီသီးခြင်းတွေနဲ့
လိမ္မော်သီးတွေတော်တော်များများကိုဝယ်ပြီးတဲ့နောက် Billkin ကပဲ
ပိုက်ဆံရှင်းပေးလိုက်ပါတယ်။မိန်းကလေးတစ်ယောက်နဲ့စျေးဝယ်ထွက်မှတော့ ယောက်ျားလေးကပဲ
ပိုက်ဆံရှင်းပေးသင့်တာပေါ့။ဝယ်လာတဲ့ ပစ္စည်းတွေကိုလည်းလက်ထဲမှာအပြည့်ကိုင်ပေးထားတော့ Rachel က အားနာသလိုကြည့်လာတယ်။

"Rachel ကို အထုပ်တွေပေးပါဦး....Kin တစ်ယောက်ထဲပဲသယ်နေရင် လေးနေမှာပေါ့"

"ရပါတယ်....Rachel ဝယ်စရာရှိတာဝယ်နော်"

"အသီးဖျော်ရည်လုပ်သောက်ချင်လို့ရယ်။

သိပ်တော့မလုပ်တတ်ဘူး... ညဘက်ဆိုရင် စာတွေလုပ်ရတော့ ပင်ပန်းပြီး
အိပ်ချင်တာ။ရာသီဥတုကလည်းပူတော့ အသီးဖျော်ရည်အေးအေးလေးတွေပဲသောက်ချင်လို့လေ။အပြင်ဆိုင်တွေကဝယ်ရင် သကြားတွေတအားများလွန်းတော့ ချိုစီကြီးဖြစ်နေရော....အဲ့ဒါကြောင့် ကိုယ့်ဘာသာဖျော်သောက်ကြည့်မလားလို့"

Stars In Your EyesWhere stories live. Discover now