Chapter 8

106 9 6
                                    

"PP Krit လေးတို့ဘေးအိမ်ကို လူသစ်တွေပြောင်းလာတယ်ဆို"

ဒန်းပေါ်မှာထိုင်နေတဲ့ Billkin က
ဖတ်လက်စ စာအုပ်ကိုဘေးကိုချပြီး
မေးလာတယ်။

"တောင်ဘက်နှစ်အိမ်ကျော်ခြာကပါ Kin ရဲ့။ပြီးမှ အအေးသွားပို့ရမယ်...ဒီနေ့အိမ်ပြောင်းလာကြတယ် PP က စာမေးပွဲနီးနေပြီမို့ သွားမကူပေးဖြစ်လို့လေ"

ထမင်းပန်းကန်သေးသေးလေးတွေထဲကို အသားနည်းနည်းအရိုးနည်းနည်းနဲ့ထမင်းအနည်းငယ်ကို နယ်လိုက်အပြီး အိမ်ရှေ့အပေါက်ဝကိုချပေးလိုက်တော့ PP Krit လေးအစာကျွေးနေကျ လမ်းထဲကခွေးလေးတွေက လာစားကြတယ်။

PP Krit လေးတို့လမ်းထဲမှာ လမ်းဘေးခွေးလေးတွေအများအပြားရှိတယ်။
လူတွေကတော့ကြုံရင်ကြုံသလိုအစာကျွေးကြပေမယ့် တချို့ရက်တွေမှာဆိုရင် ထိုခွေးလေးတွေကတစ်နေ့လုံးမှာမှ ထမင်းတစ်နပ်လေးတောင်
မစားကြရတဲ့နေ့တွေလည်းရှိတယ်။
အဲ့ဒါကို PP Krit လေးကသိတော့ နေ့လယ်စာအတွက် သူကတာဝန်ယူပြီးမှန်မှန်ကျွေးတယ်လေ။ခွေးလေးတွေကလည်း ပုံမှန်စားနေကျအချိန်ရောက်တာနဲ့ PP Krit လေးတို့အိမ်ရှေ့မှာ အသင့်စောင့်နေတတ်ကြပြီ။

"ဒီနေ့ အသားနဲ့အရိုးကနည်းနည်းပဲရခဲ့တာ Kin ရဲ့....ကလေးတွေ ဝပါ့မလား
မသိဘူး။

အန်တီကြီးကိုနေ့တိုင်းချန်ထားပေးပါလို့မှာထားတာကို ဒီနေ့သူက
အဝယ်များလို့တဲ့....နည်းနည်းပဲရခဲ့လိုက်တယ်"

ခွေးလေးတွေရဲ့အစာကိုနယ်ဖတ်ထားတဲ့ လက်အိတ်လေးကို PP Krit လေးက စနစ်တကျစွန့်ပစ်ပြီး Billkin ကိုပြောလာတယ်။

PP Krit လေးရဲ့ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေထဲက တစ်ခုပေါ့။
တစ်နေ့တာရဲ့ ကြုံခဲ့ဆုံခဲ့ရသမျှအဖြစ်အပျက်တွေတိုင်းကို အသေးစိတ်လေးကအစ Billkin ကိုပြောပြတတ်တာ။

"PP Krit လေးက ခွေးမမွေးချင်ဘူးလား"

"မွေးတော့မွေးချင်ပါတယ် Billkin ရယ်။ဒါပေမယ့် သံယောဇဥ်တွေတွယ်ပြီးမှ ခွဲခွာရရင် နှစ်ဖက်လုံးအတွက်နာကျင်စရာကောင်းတာမို့ PP က အစမလုပ်ခဲ့ချင်တာ။

အခုတောင် ဒီကလေးတွေကိုနေ့တိုင်းအစာကျွေးမိတော့ တစ်နေ့တစ်ခြား
သံယောဇဥ်တွေဖြစ်လာတယ်။PP ကျောင်းသွားရတဲ့နေ့တွေဆို နောက်ကျမှပြန်ရောက်တော့ သူတို့အဆာလွန်နေရှာမလားဆိုပြီးတွေးပူနေရပြီ။

Stars In Your EyesWhere stories live. Discover now