Chapter 11

66 9 11
                                    

"Iced americano တစ်ခွက်ပေးပါ
ဘူးနဲ့ပဲ ယူမယ်နော်"

ကောင်တာမှာ ငွေရှင်းခဲ့ပြီး ကော်ဖီဆိုင်ရဲ့ လွတ်နေတဲ့ဝိုင်းတစ်ခုမှာသွားထိုင်လိုက်သည်။

ပါလာတဲ့ laptop ကိုဖွင့်လိုက်တော့
mail ထဲမှာဝင်နေတဲ့စာတွေတောက်လျှောက်ကျလာသည်။
တစ်ချက်တော့စစ်ဆေးလိုက်ပြီး ဖတ်တော့မကြည့်မိ။Assignment တွေနဲ့ Presentation အတွက် ဆရာတွေက mail ထဲပို့ပေးထားတာတွေပဲဖြစ်သည်။

မှာထားတဲ့ ကော်ဖီကိုလာပို့ပေးတော့
တစ်ချက်တော့မွှေလိုက်မိသည်။
တစ်ငုံတော့သောက်ဖြစ်လိုက်တယ်ထင်တာပဲ။

ကီးဘုတ်ကိုတတောက်တောက်နှိပ်လို့ စာတွေကိုရေးနေမိတော့ ဘေးပတ်ဝန်းကျင်ကိုပါမေ့သွားရ၏။

စာတွေက တေးသီချင်းတွေလိုပဲ။
တစ်ခါအစပျိုးမိလိုက်တာနဲ့ရုန်းထွက်ဖို့ကိုခက်ခဲစေတာလေ။

PP က အခုဆိုရင် စာအုပ်နှစ်အုပ်ထုတ်ဝေပြီးတဲ့ စာရေးဆရာဖြစ်နေပြီ။
အချစ်ဝတ္ထုလေးတွေကို အဆွေး vibe နဲ့ရေးတာမို့ လူငယ်တွေကြား သူ့စာအုပ်တွေကရေပန်းစားလှသည်။

တစ်ခုပဲ။
အခုထိ PP ရေးထားသမျှဝတ္ထုတိုလေးတွေကစလို့ ပုံနှိပ်ပြီးထုတ်ဝေထား
သည့် စာအုပ်နှစ်အုပ်အဆုံး ဝမ်းနည်းစရာအဆုံးသတ်တွေနဲ့ချည်းပင်။

စကားလုံးတွေက ရင်ဘတ်ထဲကလာတာမို့လေ။
လက်တွေ့ဘဝမှာလည်း ဇာတ်သိမ်း
မကောင်းခဲ့သူမို့ အခုချိန်ထိ
ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်း
ဆိုတဲ့ ဇာတ်သိမ်းခန်းတွေကို မရေးနိုင်သေးဘူး။

ရှစ်နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကို
ဖြတ်ကျော်ခဲ့အပြီးမှာ ကိစ္စတွေအများကြီးဖြစ်ပျက်သွားတယ်။

ဘယ်ကနေစပြီးမှားယွင်းခဲ့သလဲတော့မသိဘူး။
သိပ်ဖြစ်ချင်ခဲ့တဲ့ ဗိသုကာပညာရှင်ဖြစ်ဖို့လမ်းကို မရွေးခဲ့ဘဲ အခုလို literature ဘာသာရပ်ကိုယူပြီး
စာရေးဆရာလုပ်နေတာပဲကြည့်လိုက်တော့။

အတိုချုံ့ပြီးပြောရရင် အခုဖြတ်သန်းနေတဲ့ဘဝကလည်း အေးချမ်းပါတယ်။
လုပ်ချင်တဲ့အလုပ်ကိုလည်းလုပ်နေရတယ်။ရေးချင်တဲ့စာတွေကိုလည်း
ရေးနေရတယ်။နေ့ရက်တိုင်းကို
အခုလို ကော်ဖီတစ်ခွက်နဲ့တစ်ယောက်တည်း အစပြုတတ်တာကအစပဲ....အားလုံးဟာ ပြောင်းလဲမသွားတဲ့တစ်ပုံစံတည်းထပ်တူကျနေတဲ့
နေ့ရက်တွေပါပဲ။

Stars In Your EyesWhere stories live. Discover now