Chapter 4

120 17 4
                                    

"ရရဲ့လား P...ကြပ်နေရင် ဒီဘက်ကိုရွေ့ပေးမယ်နော်"

"ရပါတယ် Billkin ရဲ့
နှစ်ယောက်ခုံတွေက ဒီလိုပါပဲ။
PP လည်း မကြပ်ပါဘူး"

လက်မောင်းလေးတွေ ထိနေတဲ့အနေအထားရောက်နေသည်အထိ
PP Krit လေးက နေရာမကြပ်ပါဘူး
ဆိုတုန်း။

ဒီရုပ်ရှင်ရုံက အတွဲခုံတွေက သာမန်ထက်ပိုပြီး သေးတာကြောင့် သူတို့
နှစ်ယောက်မှာ တစ်ယောက်နဲ့
တစ်ယောက် ထပ်တူကျလုမတက် နီးကပ်နေတာဖြစ်သည်။

ရုပ်ရှင်ရုံရဲ့ အဲယားကွန်းတွေကအေး
သည့်အပြင် သူတို့ထိုင်ခုံလေးကလည်း
အဲယားကွန်းနဲ့နီးတာမို့ PP Krit လေးရဲ့ အသားလေးတွေက အေးစက်စက်လေးဖြစ်နေသည်။

"အေးနေပြီလား PP Krit လေး
ကိုယ့်အင်္ကျီအပေါ်ထပ်လေး ဝတ်မလား"

"ခုထိတော့ သိပ်မအေးသေးပါဘူး။
အေးလာရင် ပြောမယ်နော်"

"ဟုတ်ပါပြီခင်ဗျာ"

"ဟေ့ရောင် လျှော့ဦးဟ
ရုပ်ရှင်က မပြသေးဘူး....မင်းကအရင်
romance ရိုက်နေပြီ"

ရှေ့ခုံမှာရှိတဲ့ ကောင်တွေထဲကတစ်ကောင်က နောက်လှည့်ပြီးပြောတာမို့
Billkin က လက်သီးရွယ်ပြလိုက်တယ်။

ဒီကောင်တွေ!
သူတို့ကြောင့်လည်း ဒီလိုဖြစ်ရသေးတယ်။မမြင်ချင်ရင် မျက်လုံးမှိတ်ထားလေ!!

Billkin က အစထဲက PP Krit လေးနဲ့ အတွဲခုံမှာ မထိုင်ချင်ခဲ့တာမဟုတ်ပါဘူး။ရှားရှားပါးပါး သူငယ်ချင်းတွေနဲ့အတူလိုက်လာတဲ့ နေ့လေးမှာ
PP Krit လေး အနေခက်မှာကို
သူတကယ် မလိုလားတာပါ။

PP Krit လေးက ခပ်အေးအေးလေးရယ်။သူ အဆင်မပြေရင်တောင်
ထုတ်ပြီး မပြောတတ်တဲ့ကောင်လေးမို့ Billkin မှာ အမြဲအရိပ်တကြည့်ကြည့်ရှိခဲ့ရတာ။အခုလို သူငယ်ချင်းတွေက
ဝိုင်းပြီးစကြတော့ ပိုပြီးအနေခက်မှာကိုစိုးရိမ်ရပါတယ်။

သူက PP Krit လေးကို အေးချမ်းခြင်းတွေ နွေးထွေးခြင်းတွေနဲ့ပဲ တပွေ့တပိုက်ထွေးပွေ့ထားချင်တာမို့လို့ပါ။

ရုပ်ရှင်က သရဲကားဖြစ်တာမို့
အစပိုင်းမှာ စိတ်ဝင်စားဖို့မကောင်းလောက်အောင် အေးစက်စက်ဇာတ်အိမ်ဖြစ်နေပေမယ့် တကယ့်အခန်းတွေကျ ကြောက်စရာကောင်းတဲ့အနေအထားပါပဲ။သရဲ ပေါ်လာတဲ့အခါ ရုပ်ရှင်ရုံလုံးအပြည့် အော်ဟစ်သံတွေကြားရပေမယ့် နံဘေးက PP Krit လေးကတော့ ရုပ်ရှင်ပိတ်ကားကို ခပ်တောင့်တောင့်လေး ကြည့်လို့နေပါတယ်။

Stars In Your EyesWhere stories live. Discover now