Chapter 6

79 10 5
                                    

"သားကြီး မင့်ဘေးနားက ငုံးဥတွေယူလာပေးပါဦး တစ်ခါတည်းကင်လိုက်ရအောင်လို့"

နှစ်သစ်ကူးကိုရောက်တော့မည်ဖြစ်တာမို့ new year ညမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီး အကင်တွေကင်ရင်း စကားတွေပြောရင်းဖြတ်သန်းနေကြတာဖြစ်သည်။

သူငယ်ချင်းတွေ ဟေးလားဝါးလားလုပ်ရင်း အထက်တန်းကျောင်းသားတွေရဲ့ထုံးစံအတိုင်း နည်းနည်းလေးလည်း
သောက်ကြည့်ဦးမှာမို့ ကျယ်ကျယ်ဝန်းဝန်းရှိလှတဲ့ John ရဲ့အိမ်မှာစုနေကြတာပင်။

Billkin က John တောင်းတဲ့ တုတ်လေးတွေထိုးထားပြီးသား ငုံးဥတွေ
ထည့်ထားသည့် ဗန်းကိုလှမ်းပေးရင်း
နံဘေးက ကောင်လေးကိုလည်း လှမ်းကြည့်ရသည်။

John နဲ့သူငယ်ချင်းတွေက PP Krit လေးကိုပါ အတင်းခေါ်လာခိုင်းတာမို့
Billkin က PP Krit လေးရဲ့အိမ်ကိုပါပြောပေးပြီး ခေါ်လာခဲ့တာ။John တို့က ဟိုတစ်ခါ ရုပ်ရှင်ရုံမှာတွေ့ကတည်းက
Billkin ရဲ့အချစ်တော်လေးကို အသည်းယားနေကြတာလေ။
စကားစပ်မိတိုင်းလည်း "မင်းရဲ့ကောင်လေးက ရေခဲတုံးလေး" ဆိုပြီးလည်း စနောက်နေကြ။

သူတို့တွေပြောကြသလိုပါပဲ....PP Krit လေးကလည်း တကယ့်ကိုရေခဲတုံးလေး။ခပ်အေးအေးနေတတ်တဲ့ အမူအကျင့်လေးကိုက ချစ်စရာကောင်းနေတာမျိုးမို့ သူ့ဘာသာဘယ်လောက်ပဲ အေးစက်စက်လေးဖြစ်နေပါစေ....မြင်ဖူးသမျှလူတိုင်းက ချစ်ကြတာမျိုးလေ။

"နှင်းလုံးလေး.... အေးနေပြီလား"

Billkin ဘက်က စကားစလာတော့
ဘာမှမရှိတဲ့မြေပြင်ကြီးကို ငုံ့ကြည့်နေတဲ့ PP Krit လေးက မော့ကြည့်လာတယ်။

ခေါင်းလေးကို အသာယမ်းပြနေပေ
မယ့် ပါးအို့လေးတွေနဲ့ နားရွက်လေးတွေဟာ နီရဲနေတာမို့ အေးနေရှာမှာ။

Billkin က အလိုက်တသိနဲ့ PP Krit လေးဝတ်ထားတဲ့ ကော်လံပါတဲ့
ဂျက်ကတ်အင်္ကျီလေးကို လည်ပင်းလေးဖုံးအောင် ဆွဲစိပေးလိုက်တယ်။

"ပျင်းနေပြီလား"

"ဟင့်အင်း..."

"အကင်စားပြီးရင် John တို့က ဂိမ်းကစားကြမယ်ထင်တယ်။အဲ့အထိ မနေချင်ရင်လည်း ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်နော်"

Stars In Your EyesWhere stories live. Discover now