1

986 20 0
                                    

"ဒေါက်တာ.... လူနာအခြေအနေကကောင်းရဲ့လား"

"ဟမ် မပူပါနဲ့ mrs.yuri ရှင့်သားကအဖျားနည်းနည်းပဲရှိတာပါ"

"ဒါပေမဲ့ သူကမနေ့ကဆို တစ်နေကုန်ခေါင်းကိုက်နေတယ်လို့ပြောနေတာ"

"ဟုတ်မှာပေါ့ ဒေါက်တာအမ်မာက ချော.....နေတာကို...အပျင်းဖျားတာမဟုတ်ပဲ အချစ်နာကျနေတာဖြစ်မှာပေါ့"

ဆေးရုံကုတင်ပေါ်က နှစ်ဆယ်ကျော်အရွယ်ကောင်လေးရဲ့မျက်နှာက သူမစကားကြောင့်ရဲတတ်သွားတယ်

သူမကိုဒီကိုစနောက်ရဲတာဒီဆေးရုံမှာတစ်ယောက်ပဲရှိတဲ့ သူမရဲ့ညီမ လီလီ

"ဒေါက်တာလီလီ ကျေးဇူးပြုပြီး စကားပြောဆင်ခြင်ပါ"

"ရပါတယ် ဒေါက်တာရယ် ဒေါက်တာကချောလွန်းတာကို"

တော်ပါသေးရဲ့ လူနာရှင်ကစိတ်မကွက်သွားလို့

စိတ်ဆိုးဆိုးနဲ့ ညီမဖြစ်သူကိုကြည့်လိုက်တော့ ဒင်းကသူမဟုတ်သည့်ပုံဖြင့် အေးအေးဆေးဆေးနေနေတယ်လေ

"ဒေါက်တာခင်ဗျ သွားလိုက်ပါဦးမယ် အချိန်ရှိရင်ကျွန်တော်ညနေစာ လိုက်ကျွေးချင်ပါသေးတယ်"

မိကောင်းဖခင်သားသမီးမှန်းသိသာလိုက်တာ စကားပြောလေးက ယဉ်ကျေးနေရော

သူမမျက်နှာ၌အပြုံးမမည်သောအပြုံးတစ်ခု ဆင်မြန်းပြီး "ရပါတယ်ရှင့် ဖြေးဖြေးသွားပါ"

သူမရှေ့က စုံတွဲတွေလိုလုပ်ပြနေတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး လူနာကောင်ကို ပြောချင်လာပြန်တယ်

ဒေါက်တာတန်မဲ့ လူနာတိုင်းကိုအပြုံးလေးနဲ့ လုပ်နေမှတော့ မြူဆွယ်နေသလိုပဲလေ

"ဒီနေ့ပြန်ဖြစ်မယ်မလား မဟုတ်ရင် ဒီမှာပဲ ဆက်ပြုံးပြနေကြမှာလား ဂျူတီဆင်းချိန်ရောက်နေပြီ အဖေ့ဆီပြန်ရဦးမယ် အမ်မာရေ ငါကားပေါ်မှာစောင့်နေမယ် မြန်မြန်ပြုံးပြပြီးရင်လိုက်ခဲ့တော့"

တကယ်ကိုသူမရှေ့ကမြင်ကွင်းကိုမကြည့်ချင်တော့ပေ

ကလစ်....ဘုန်း...

ဒီကလေးမလေးကတော့ တစ်ခုခုဆို စိတ်ကောက်ပြန်ပြီ

"ဒါဆို ကျွန်မဂျူတီဆင်းတော့မယ်နော် နှုတ်ဆက်ပါတယ် mr.yuri"

"ခဏ...ဒေါက်တာကျွန်တော်ကိုင်ပေးပါ့မယ် ကျွန်တော်လဲ ကားပါကင်ဆီပြန်မှာဆိုတော့ အတူသွားရအောင်လေ"

"ဒါပေမယ့်..."

သူမငြင်းဖို့ပြန်လိုက်ပေမဲ့

"ရပါတယ် ဒေါက်တာရယ်ကျွန်မလဲပါတာပဲဟာ ပြီးတော့ ဒေါက်တာကို ကားပါကင်နားအထိပဲ လိုက်ပို့မှာပါ"

လူနာရှင်ကပါတောင်းဆိုနေတော့လည်း မထူးတော့ပါဘူး

"ဒါဆိုရင်လည်း ကျေးဇူးပါနော်"

"မလိုပါဘူး ဒေါက်တာရယ်"
.
.
.
.
.
@candy
thank for reading
see you မနက်ဖြန်😉😉😘

Block Them AllWhere stories live. Discover now