12

163 10 0
                                    

"လီလီငေးမနေနဲ့ နင်ဒီမနက်ဂျူတီရှိတယ်မလား"

"....."
ခုဏတုန်းက လာမြူဆွယ်တာ သူမဟုတ်သလိုနဲ့

"ခဏလေး အမ်မာ"
အမ်မာရဲ့လည်ပင်းကိုဆွဲချပြီး

"ဟမ် ဘာလုပ်....."
ဒီကလေး..အရမ်းအတင့်ရဲနေပြီပဲ သူကတောင့်ငါ့ကို စပြီး....

အမ်မာကိုနမ်းရတာညကလိုပဲ ပြောစရာကတစ်ခုပဲရှိတယ် အရမ်းကောင်းတယ်

နေရောင်ခြည်က အခန်းလိုက်ကာရဲ့ဟနေတဲ့နေရာတွေကနေဖြတ်ပြီးတော့ သူမတို့အပေါ်ကျရောက်လာတယ်

"အမ်မာ လီလီအခုထိမထသေး.......အိုး နောက်ထပ် ယာဉ်ကျောပိတ်ဆို့မှုတစ်ခုပဲ ဂျိမ်းစ်ရေ သမီးတို့ကနည်းနည်းမဟုတ်ဘူး အတော်လေးနောက်ကျမယ်တဲ့ ကိုယ်တို့ပဲစားကြရအောင်"

".....""......"

ရှက်လိုက်တာ အဖေထပ်မိသွားပြန်ပြီ အဲ့တာလီလီနင့်ကြောင့် ငါနှုတ်ခမ်းကိုနမ်းနေတာ မသိရင်သရဲစီးနေသလိုပဲ တော်ပြီး ငါနင့်ကိုစကားမပြောတော့ဘူး

"အာ..ငါအဖေလာတာမတွေ့လိုက်ဘူး sorry ပြန်နမ်းကြမလား"

အဖေဘယ်တုန်းကတတ်လာလဲဆိုတာခြေသံတောင်မကြားလိုက်ရဘူး ဒါပေမဲ့ ငါထပ်နမ်းချင်တယ်

"......" အရှက်မရှိလိုက်တာ ခုပဲအဖေမိသွားတာတောင် ထပ်နမ်းဖို့ပြောနေတယ် ငါနင့်ကိုလစ်လျူရှုလိုက်တော့မယ်

"အာ"

ငါ့ကိုအမ်မာကဘာလို့မျက်စောင်းထိုးသွားတာလဲ

........

"အဖေ"

"ဆင်းလာပြီလား လီလီ အမြန်လာစား နင့်အမတောင် စားလို့ပြီးပြီ ဂျက် ရှင်လဲမြန်မြန်စား အသက်ကြီးလေ ပြောရဆိုရလေပဲနော် ဂျက်ရေ"

ဟမ် အမ်မာကော
"အမေ အမ်မာရော ဘယ်ရောက်သွားပြီလဲ"

"ခုပဲကားဂိုဒေါင်သွားပြီ နင်အမြန်စားပြီးလိုက်သွား...မဟုတ်သေးပါဘူး...မစားနဲ့တော့ရော့ ဒါယူသွား ကားပေါ်မှာစားလိုက် အမ်မာကိုကားမောင်းခိုင်းလိုက် ကြားလားလီလီ"

"ဟုတ်ကဲ့ အမေဘိုင့် ဒီပိတ်ရက်လာပြန်လည်မယ်"

ငါကိုမစောင့်ပဲ ဘာလို့သွားတာလဲအမ်မာစိတ်ဆိုးနေတာလား ကားဂိုထောင်တံခါးကလည်းအခုမှကျပ်နေလိုက်တာ

"အမ်-မာ...."

thank For reading
@candy
see you

Block Them AllWhere stories live. Discover now