6

184 9 0
                                    

"ဂျက် အိပ်ချိန်ရောက်ပြီ ၁၀နါရီထိုးနေပြီ"

အမေက အဖေ့ကို အိမ်ကနေလှမ်းအော်ခေါက်နေတယ်

"oh my girl အဖေသွားတော့မယ် သမီးတို့ အကြာကြီးမနေနဲ့နော်"

"ဟုတ် သမီးနဲ့ လီလီ မီးပန်းတွေကြည့်ပြီးရင်အိပ်မယ်"

"အိုကေ ဘိုင့် ဂွက်နိုက်"

"ဟုတ်ကဲ့ ဂွက်နိုက် အဖေ"
.
.
အဖေမရှိတော့ သူမနဲ့လီလီနဲ့ပဲ ဝိုင်ဆက်သောက်နေလိုက်တယ်

စကားဝိုင်းကစတင်မဲ့လူမရှိတော့ တိတ်ဆိတ်နေတယ်

အချိန်အတော်ကြာမှ အမ်မာဘက်ကနေ စကားစတင်ပြောလာတယ်

"လီလီ ငါအဖေ့နဲ့အမေ့မွေးစားတာကံကောင်းတယ်လို့ခံစားနေရတယ် သိလား"

"အမ်း"

"လီလီ တစ်ခါတစ်လေ ငါလေ ငါ့မိဘအရင်းတွေထက်တောင် နင့်မိဘတွေက ကောင်းပေးနေတယ်လို့ခံစားရတယ်"

"နင်ဘာတွေပြောနေတာလဲ အမ်မာ ငါတို့ကမိသားစုပဲလေ"

"လီလီ ငါ.... မိသားစုမလိုချင်ဘူး"

လီလီရဲ့ မျက်လုံးက ပေကလပ်ပေကလပ်နဲ့ဖွင့်ကြည့်လာတယ် သေချာတယ် လီလီမူးနေပြီ သူမရဲ့မူးနေတဲ့ပုံစံက တခြားအချိန်တွေထက် ချစ်ဖို့ကောင်းတယ်

"အမ်း အမ်မာ ငါပြောပြမယ် နင်မိသားစုမလိုချင်တာက နင်မူးတဲ့အချိန်တိုင်းပြောနေတဲ့စကား တစ်ခုပဲ တခြားစကားပြောစမ်းပါဟာ"

"....."
ငါအဲ့လိုတွေပြောခဲ့ဖူးလို့လား

"ဘာပြောရမလဲ"

"ငါအိပ်ငိုက်နေပြီ ငါအမြန်အိပ်ပျော်သွားအောင်ပြောချင်တာသာပြောတော့"

"...."
ငါ့စကားဆိုအဲ့လိုနားထောင်တောင် ခုဆို မြက်ခင်ပေါ်မှာတောင်အိပ်ချနေပြီ တော်သေးတာပေါ့ ခုဏကကော်ဇောကြီးကြီးတစ်ချပ်ခင်းချထားမိလို့ပဲ

"လီလီ"
"လီလီ"

"အမ်း"

"ငါလဲအိပ်ငိုက်နေပြီထင်တယ်မပြောနိုင်တော့ဘူး"

"နင်အိပ်လို့မရဘူးနော် အမ်မာ နင်သိတယ်မလား ဒီနှစ်ကနင့်အလှည့်ဆိုတာ"

ဟုတ်ပါတယ် သူမနဲ့လီလီတို့နှစ်ယောက်စလုံးက အရက်ခံနိုင်ရည်မရှိကြဘူး အယ်ကိုဟော နည်းနည်းလေးဝင်တာနဲ့အိပ်ချင်နေကြတဲ့သူတွေ

ဒါကြောင့်မီးပန်းကိုစောင့်နေဖို့တစ်နှစ်ကိုတစ်ယောက်တစ်လှည့်ဆီ စောင့်နေရတယ်
.
.
.
.
.
@candy
thank for reading
see u next day

Block Them AllWhere stories live. Discover now