8

174 9 0
                                    

"အမြဲတမ်း မိသားစု"ဟင့်အင်း ငါအမ်မာနဲ့မိသားစုမဖြစ်ချင်ဘူး

ငါအမြဲတမ်းအမ်မာနားမှာနေမှာ အမြဲတမ်း သူ့ကိုအနိုင်ကျင့်မှာ အမြဲတမ်း သူနားညီးအောင်လုပ်မှာ

ဒါပေမဲ့ မိသားစုတော့ အမ်မာနဲ့မလုပ်ချင်ဘူး ငါသူ့ရဲ့ညီမလဲမဖြစ်ချင်ဘူး

ဘာလို့လဲဆိုတော့ မိသားစုက အချင်းချင်း ကူညီရမှာ မိသားစုအချင်းချင်းကြိုက်လို့မရဘူး ငါအဲ့တုန်းကပြောခဲ့မိတာကိုနောင်တရတယ်

ငါအမ်မာကိုဒီနေ့ပြောလိုက်သင့်တယ် ငါတို့တွေက ဒီနည်းနဲ့တော့မိသားစုမဖြစ်ချင်ဘူးလို့ ဟုတ်တယ် အခုပြောရမယ်

ချက်ချင်းကုန်းထပြီး
"အမ်-မာ..."
"လီ..."

လရောင်က သစ်ရွက်တွေကိုဖြတ်ပြီး သူမတို့နှစ်ယောက်အပေါ်မှာဖြာကျနေတယ် ဒီလိုရုတ်တရက်လုပ်တာက အက်စီးဒန့်တွေကိုဖြစ်ပေါ်စေတယ်

"ယာဉ်ကျောပိတ်နေတယ်မိန်းမရေ"
"ရှင်တိုးတိုးနေစမ်းပါဂျက် လာသွားရအောင် ကလေးတွေအမေတို့ဘာမှမမြင်လိုက်ဘူး ဆက်လုပ်"

"အမ်း"

တကယ်ကိုရှက်ဖို့ကောင်းတယ် ငါတို့ကရိုးရိုးသားသားစကားပြောမလို့ကို အခုတော့အမေတို့အထင်လွဲကုန်ပြီ ဒါတွေအားလုံးက လီလီရဲ့အပြစ်တွေပဲ

"လီလီ နင်....ဘာလို့ရုတ်တရက်ထထိုင်လိုက်တာလဲ"

အမ်မာအသံက တိုးညှင်းနေတယ် ပြီးတော့တစ်ခုခုကိုရှက်နေသလိုပဲ ငါလဲရှက်နေတာပဲလေ

စောနက အမ်မာရဲ့နှုတ်ခမ်းနဲ့တိုက်မိတဲ့နေရာကို လက်နဲ့ပွတ်ကြည့်ပြီး

"အမ်မာ ငါတို့ထပ်နမ်းရအောင် နမ်းလို့ကောင်းတယ်လို့ နင်မထင်ဘူးလား"

"ဟမ်" အရှက်မရှိလိုက်တာ သူဘယ်လိုတောင်တွေးနေတာလဲ ဒါပေမဲ့..... "အင်းနမ်းရအောင်"

လီလီနဲ့နမ်းရတာ တကယ်ကို တခြားသူတွေနဲ့မတူဘူးပဲ ငါငြင်းဆန်ချင်ပေမဲ့ အခြေအနေက အခွင့်မသာတော့ငါလဲ.....လက်ခံလိုက်တယ် အဲ့ကနေငါသိလိုက်တာက လီလီနဲ့ များများနမ်းသင့်တယ်ဆိုတာပဲ
.
.
.
.
.
@candy
thank for reading
see u

Block Them AllWhere stories live. Discover now