9

181 8 0
                                    

"အင်းလီလီ တော်တော့ မီးပန်းတွေလွှတ်မဲ့အချိန်ရောက်တော့မယ်"

"အင်း"

အမ်မာကဘာနှုတ်ခမ်းနီသုံးတာလဲမသိဘူး အရမ်းချိုနေတာပဲ ငါများများထပ်နမ်းသင့်တယ် အရသာသိအောင်လို့

"လီလီ ငါ့အထင်နင် နောက်ထပ်ရည်းစားတစ်ယောက်လောက်ထားသင့်တယ်"

"ဟမ်"
ဘာပြောချင်နေတာလဲ ငါတို့တွဲကြရအောင်လို့သူပြောမလို့လား အဲ့အဓိပ်ပါယျမလား

"နင်နမ်းတာ ငါ့နှုတ်ခမ်းပေါက်သွားပြီ"

"......"
ဘာ

"နင်အရင်တုန်းက ရည်းစားထားဖူးတာ ငါမှတ်မိပါတယ် နင်ကောင်းကောင်းမသင်ခဲ့ရဖူးလား"

"......"
သူတို့ကအရသာမှမရှိတာ

"နင်ဒီလိုသာသူများတွေကိုနမ်းလိုက်မယ်ဆိုရင် နင့်ကိုသူတို့ကဲ့ရဲ့ကြလိမ့်မယ်"

"......"
ဟုတ်ပါပြီ အရှက်ထပ်မခွဲနေပါနဲ့တော့

"ငါနင့်အစားရှက်ပြီးသေလိမ့်မယ် သိရဲ့လား"

"....."
တောင်းပန်ပါတယ် ပါးစပ်ပိတ်ထားလို့ရမလား

"အကယ်၍ နင်ရည်းစားထပ်ထားရင် သူတို့ကို နင်ကငါ့ညီမပါလို့မပြောနဲ့နော်"

"....."

"အကယ်၍ နင်သာ ဒီအကြောင်းထပ်ပြောနေမယ်ဆိုရင် ငါလဲ နင့်ရည်းစားဟောင်းတွေနဲ့ သွားနမ်းလိုက်မယ် ငါ့ကိုလဲ နင့်လိုဖြစ်အောင်သင်ပေးပါဆိုပြီး....မကောင်းဘူးလားအမ်မာ"

"......"

"you win"

"......"

"အမ်မာ နင့်နှုတ်ခမ်းနီက ဘာတံဆိပ်လဲ အရမ်းကောင်းလို့"

"ဟမ်"

"မဟုတ်ဘူး အခုထိမပျက်သေးလို့မေးကြည့်တာ"

"ဘာ ငါ့ကိုမှန်မြန်မြန်ပေး"

".....ဒီမှာ"

"omg လီလီ နင်ကန်းနေပြီ ဒါနင်နမ်းလိုက်လို့နီနေတာလေ ဘယ်မှာလဲနှုတ်ခမ်းနီမှ မရှိတော့တာ"

"....."
ဟုတ်ကဲ့ တိုးတိုးပြောလို့ရမလား နင့်ရဲ့အသံက ခေါင်းရင်းအိမ်ကတောင်ကြားတော့မယ် ငါတစ်ခါလေးနမ်းမိတာကို ဖြစ်ပျက်နေတာများ

"နင်....မကျေနပ်ရင်....ငါ့ကိုပြန်နမ်းလို့ရတယ် ငါမရှောင်ဘူး အမ်မာ"

"....."
အရှက်မရှိချက်က ကမ်းကုန်တယ်
.
.
.
.
.
@candy
thank for reading
see you

Block Them AllWhere stories live. Discover now