စကားပြောပုံက ဖြတ်ရိုက်ပစ်ချင်စရာပေ ပြီးတော့ သူမကိုတောင် မျက်လုံးပြူးပြီး ကြည့်ပြနေသေးတယ်
သူမက ရှေ့ရှိဒါရိုင်ဘာခုံသို့ကုန်းက လီလီနားနားကပ်ပြီး
"လီလီ နင်သိချင်ရင်.....ငါ...."
"တော်တော့...တော်တော့လို့ ငါကားမောင်းနေတာ အနှောင့်အယှက်မပေးနဲ့"
ဟဟ ဘယ်ရည်ကြောင့်မသိ လီလီကိုအဲ့လိုစရတာ အရမ်းပျော်ဖို့ကောင်းတယ်
"နင်ပြောတာနော် ကားကိုသေချာမောင်း"
ဒါတောင် သူမကိုမကျေနပ်တဲ့အကြည့်နဲ့မျက်စောင်းထိုးနေသေးတယ် ဒါပေမယ့် သူမရဲ့ နားရွက်လေးတွေကတော့ နီရဲနေကာ လီလီရှက်နေပါကြောင်းပြောပြနေသယောင်ပဲ
သူမကိုယ်တိုင်တောင် သူမပြောလိုက်တဲ့စကားနဲ့ပါတ်သတ်ပြီးရှက်မိပါတယ်
လီလီကို ဒီလိုစရင် သူမပြန်မငြင်းနိုင်ဘူးဆိုတာကို အထက်တန်းနှစ်တုန်းကသူမသိခဲ့တာပဲ
အဲ့တုန်းက လီလီနဲ့သူမနဲ့က ဟိုက်ပါညီအမတွေဆိုပြီး ကျောင်းမှာကျော်ကြားတယ်
သေချာတာတစ်ခုကတော့ လီလီရဲ့အေးစက်စက် မျက်နှာကြီးကြောင့် ကျောင်းသားအတော်များများကမကပ်ရဲကြပေ
ဒါပေမဲ့ သူမကတော့မတူ အမြဲတမ်း သူမကျောင်းလာချိန်တိုင်း သူမရဲ့ ခုံပေါ်ရော ခုံအောက်ထဲမှာပါ မုန့်တွေနဲ့ ပိုးပန်းစာတွေပြည့်နေတတ်တယ်
တစ်ခါတစ်လေဆို သူမကိုယ်တိုင်တောင်စားမကုန်လို့ လီလီကိုပါခေါ်ကျွေးရသေးတယ်
လီလီကတော့တစ်ခါမှမငြင်းပါ ဒါပေမဲ့ သူမပါးစပ်ကနေ အရေမရအဖတ်မရတွေ ပြောနေတတ်တယ်
"ဟမ် နင့်ကိုစာပေးတဲ့ကောင်က ဟိုတစ်နေ့ကဆို သူ့စက်ဘီးပေါ်ကနေ ပြုတ်ကျ သွားသေးတယ် သိလား ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်တာ နင့်ကိုဆိုဝေးသား အဲ့လိုကောင်ကိုရှောင်"
သူမကအဲ့ချိန်ကဆို အရမ်းစကားများလွန်းတယ်လေ ဒါ့ကြောင့်သူမကိုမုန့်တွေထားခဲ့ပေးပြီးထွက်သွားမလို့လုပ်ခဲ့တာ
"ဟေး နင့်မှာနားပါရဲ့လား ငါပြောတာဆုံးအောင်နားမထောင်ပဲနဲ့နင်ဘယ်သွား....."
အရမ်းအရမ်းကိုမှ စကားပြောလွန်းတယ်
"သူကမကောင်းဘူးဆိုတော့ နင့်မျက်စိထဲမှာကောင်းတဲ့သူရှိလား ရှိရင်ပြော ငါသူ့ကိုချက်ချင်းအဖြေပြန်ပေးလိုက်မယ် အခုတော့ ငါအတန်းပြန်တော့မယ် ကြားလားညီမလေးလီလီ"
သူမကတော့ပုံမှန်အတိုင်း ခါးကုန်းပြီးတော့ပြောလိုက်တာပါပဲ ဒါပေမဲ့ ဘေးကနေ ကျောင်းသူနှစ်ယောက်ကတိုက်သွားတော့ လီလီ့နားကသူမနှုတ်ခမ်းနားရောက်ပြီး......
နားထဲအသာလေးကပ်ပြောမိသလိုဖြစ်သွားတယ်ထင်ပါရဲ့ လီလီရှက်ပြီး မျက်နှာကြီးကနီရဲနေတာပဲ
ပုံမှန်ဆို သူမကိုတစ်ခွန်းမကျန်ပြန်ပြောနေကြပါ ဒါပေမဲ့ အဲ့နေ့ကဆို သူမကို လီလီဘာမှပြန်မပြောတာ အဲ့ကနေစပြီး လီလီကိုနိုင်ကွက်ရသွားတာလေ အခုထိပဲ
.
.
.
.
@candy
thank for reading
see u
YOU ARE READING
Block Them All
Short Storyကလေးတို့ရေ ချစ်စရာသိုးလေးကိုစားမလို့ ဝံပုလွေက သိုးယောင်ဆောင်တာကြားဖူးပြီးသားပါနော် ဒီတစ်ခေါက်ကတော့ ချစ်စရာသိုးလေးက ဝံပုလွေကြီးကိုစားချင်လို့ပါတဲ့ Sweet Short Story girl to girl မို့အဆင်ပြေမှဖတ်ကြပါ