15

164 9 0
                                    

"ဒါဆို နှုတ်ဆက်ပါတယ်နော် ကျွန်မအိမ်ပြန်ရတော့မှာမလို့ မနက်ဖြန်မှပြန်တွေ့ကြရအောင်"

လီလီကားပေါ်ရောက်နေပြီနဲ့တူတယ် သူငါ့ကိုစောင့်နေတာကြာနေလောက်ပြီ

ကလစ်....

"မောင်းလို့ရပြီ"

"......"
တကယ်ပဲ ငါ့ကိုဘာမှမရှင်းပြတော့ဘူးလား အမ်မာ

ကျွီ........
ကားက တိတ်ဆိတ်တဲ့ ကားပါကင်ကနေပြီး သူမတို့နှစ်ယောက်နေနေတဲ့ကွန်ဒိုကို တဖြည်းဖြည်းရွေ့လျားသွားခဲ့တယ်

"ရောက်ပြီ ဆင်းလို့ရပြီလေ"

"အင်း"

"ငါအပြင်သွားမလို့ မစောင့်နေနဲ့တော့ အဲလစ်နဲ့ချိန်းထားတယ် ဒီနေ့အဲ့မှာပဲ အိပ်ဖြစ်မယ်"
ငါအမ်မာရဲ့တိတ်ဆိတ်မှုနဲ့နေသားမကျဘူး

"......"
အိုကေလေ သွားချင်ရင်သွားပေါ့ အမြဲတမ်း ငါပြောတာနားထောင်လို့လား
.
.
.
.
"အဲ့တော့ နင် အမ်မာကိုဖွင့်ပြောလိုက်ပေါ့ လီလီရဲ့"

"ဟင်အင်း"
ငါအငြင်းခံရမှာကြောက်တယ်

"ခဏလေး နင်ပြောလိုက်တာ yuriနော် ငါသိတဲ့သူများဖြစ်နေမလားပဲ"

"....."

"လီ ဒီတစ်ယောက်ကိုလာကြည့် သူလား"

အဲလစ်တစ်ယောက် ထိုးပြနေတဲ့ပုံကိုကြည့်လိုက်တော့

ဟမ်

"ဟုတ်တယ်"

mr.yuri က အဲလစ်နဲ့ဘာတော်တာလဲ

"အဲလစ်..သူက..."

"နင်မမေးခင်ငါပြောပြမယ် သူက ငါနဲ့စေ့စပ်ထားတာ သူကဒီလိုနာဘူးကောင်မှန်းမသိခဲ့ဘူး ရုပ်လေးကမဆိုးပါဘူး ငါ့အမေအတင်းပြောနေတာကြောင့်သာ လက်ခံလိုက်တာ"

"........"
အမ်မာ အလိမ်ခံနေရပြီ

"လီလီ နင်ငါပြောတာနားထောင်နေရဲ့လား လီ"

"ငါပြန်တော့မယ် အဲလစ်"
ငါအမ်မာကိုသတိပေးရမယ်
......

ကလစ်....
"အမ်မ....."

စိတ်ပူလွန်းလို့သာ အတင်းပြေးတတ်လာတာ ဒီလိုမျိုးနဲ့တိုးမယ်မှန်းသိခဲ့ရင်.....

"......"

လန့်လိုက်တာ လီလီက ဘာဖြစ်လာတာလဲ
ခဏလေး ငါအခုမှရေချိုးပြီးတာလေ လီလီ ငါ့ကိုကြည့်နေတဲ့ပုံက......အား....ရှက်လိုက်တာ.....ဒါပေမဲ့....ငါသူမကိုအနိုင်ကျင့်ရမယ်

"ဘာကြည့်နေတာလဲ ငါ့ကိုခေါင်းလာကူသုတ်ပေးလေ"

"အမ် အင်း"

အမ်မာကဘာလို့ဒီလောက်တောင် ဆွဲဆောင်မှုရှိနေတာလဲ ငါနှခေါင်းတွေတောင် ပူလွန်းနေတာ သူမကြောင့်ပဲ ဖြစ်မယ်

လီလီကမသိစိတ်ကနေ နှာခေါင်းကို ပွတ်လိုက်ပြီး အမ်မာရဲ့ခေါင်းကိုသုတ်ပေးမလို့ လက်လှမ်းယူလိုက်တယ်

"......သေချာသုတ်နော်"

"အင်းပါ"

"အမ်မာ mr.yuri မှာ စေ့စပ်ထားတဲ့သူရှိတယ်"
အမ်မာစိတ်ကောင်းဝင်နေတဲ့အချိန်ငါနားချမှဖြစ်မယ်

"အင်းလေ ငါသိတယ် နင်ပဲမသိတာလေ"
လီလီကဘာလို့ဒီအကြောင်းပြောနေလဲ မသိပေမဲ့......

"....."
သိရဲ့နဲ့ဘာလို့ရှေ့ဆက်နေတာလဲ
.
.
.
.
.
@candy
thank for reading
See you

Block Them AllWhere stories live. Discover now