"နင်မလုပ်ချင်ဘူးမလား လီလီ ငါ့ကိုအခုဖြေ အဟင့်အဟင့်"
"ဟင့်အင်း ငါလုပ်မယ်"
ဘာလို့လဲမသိ အမ်မာရဲ့ အပြုံးကကြောက်ဖို့ကောင်းလာသလိုပဲ"အင်း ဒါဆိုနမ်းလေ လီလီ"
အမ်မာရဲ့လှပတဲ့နှုတ်ခမ်းလေးကိုကြည့်ပြီးနမ်းဖို့အနီးနားကပ်လိုက်တယ် ပြီးတော့နှုတ်ခမ်းတစ်စုံက မျဉ်းဖြောင်းနှစ်ကြောင်းလို တစ်နေရာမှာ စုံစည်းသွားပြီးတော့......
ချလပ်
"......အမ်မာ!...... ""ငါ့ကိုအိပ်ချင်မူးတူးနဲ့ဘာတွေအော်နေတာလဲ "
ငါဓာတ်ပုံခိုးရိုက်တာလီလီသိသွားတာလား"မဟုတ်ဘူး စိတ်မကြည်ဖြစ်သွားလို့"
အမ်မာသိလို့မဖြစ်ဘူးငါ့အိမ်မက်ကို"ဒါဆိုထတော့ အမေက မနက်စာစားမလို့စောင့်နေပြီ " ကြည့်ရတာသူမသိဘူးထင်တယ် လီလီရဲ့ အိပ်ချင်မူးတူးပုံလေးကချစ်ဖို့ကောင်းတယ် ငါသိမ်းထားရမယ်
"ဪ ဒါနဲ့ နင် dirty dream တွေမက်နေတာမလား ငါ့အဲ့ထဲမှာဇာတ်လိုက်လို့တော့မပြောနဲ့နော်"
"အမ်မာ မဟုတ်တာတွေပြောမနေနဲ့"
အမ်မာသိလို့မဖြစ်ဘူးလီလီ နင်ပြန်ငြင်းမှဖြစ်မယ်"အိုးဒါဆို နင်ရဲ့....ဇာတ်လိုက်က...ဘယ်သူများလဲ"
လီလီအိပ်ယာနားတစ်လှမ်းချင်းတိုးလာပြီး သူမခေါင်းလေးကိုပွတ်ပေးပြီးမေးလိုက်တော့
"မဟုတ်တာ ငါကိုကြည့် ငါကအဲ့လိုအိမ်မက်တွေမက်မဲ့ပုံလား ငါမက်တာက အိမ်မက်ထဲမှာ နင်ငါ့ကိုမုန့်လာစားလို့ပြောပြီး မုန့်ပြန်သိမ်းလိုက်လို့လေ"
ငါတဖြေးဖြေးနဲ့လိမ်တတ်လာပြီပဲအဲ့တာနင်လုပ်လို့လေ အမ်မာ
"ဟုတ်လားဒါဆို ကလေးလေးပေါ့ ကလေးလေးကဘာလို့.....နားရွက်တွေနီပြီးရှက်နေရတာလဲ လီလီလိမ်တဲ့သူတွေက ကံဆိုးတတ်တယ် သူတို့ရဲ့ မုန့်တွေနဲ့လည်းဝေးတတ်တယ်နော်"
လီလီကိုစရတာအရမ်းကောင်းတယ် သူမမျက်နှာနဲ့ ငါမျက်နှာထပ်ကပ်လိုက်မယ်ဆိုရင် သူမပိုရှက်သွားလိမ်မယ်
"အမ်မာနင်ငါ့ကိုမြူဆွယ်နေတာလား ငါပြောလိုက်မယ် ကလေးတွေကိုမလှည့်စားကောင်းဘူးဆိုတာကို"
"........"
အမ်မာရဲ့မျက်နှာက ဘာလို့အရမ်းကြည့်ကောင်းနေတာလဲ ဒီလိုသာကြည့်ကောင်းနေမယ်ဆို သူရည်းစားထပ်ရသွားလိမ့်မယ် ပြီးတော့ဟိုတစ်နေ့ကလူနာကောင်က အမ်မာကိုသဘောကျနေတာနဲ့တူတယ်
"မြန်မြန်မျက်နှာသစ် အမေတို့ကိုစောင့်နေရအောင်မလုပ်နဲ့တော့"
ငါဒီစကားကိုဘယ်တုန်းကကြားဖူးပါလိမ့် ညကပဲ ဒါငါ့စကားလေ အမ်မာ ပိုင်ရှင်ဆီကနေ ခွင့်မတောင်းပဲသုံးတာကောင်းတဲ့လုပ်ရပ်မဟုတ်ဘူးနော်
.
.
.
.
.
@candy
thank for reading
see you next chapter
YOU ARE READING
Block Them All
Short Storyကလေးတို့ရေ ချစ်စရာသိုးလေးကိုစားမလို့ ဝံပုလွေက သိုးယောင်ဆောင်တာကြားဖူးပြီးသားပါနော် ဒီတစ်ခေါက်ကတော့ ချစ်စရာသိုးလေးက ဝံပုလွေကြီးကိုစားချင်လို့ပါတဲ့ Sweet Short Story girl to girl မို့အဆင်ပြေမှဖတ်ကြပါ