17

159 9 0
                                    

ငါနိုးလာတော့ အမ်မာမရှိတော့ဘူး သူမကငါ့ကိုစားပြီးနားမလည်လုပ်တာပဲ

လီလီရေမိုးချိုးပြီး မနက်စာစားဖို့ ထမင်းစားခန်းကိုဝင်တော့ အမ်မာရဲ့လက်ရေးနဲ့ noteတစ်ခုတွေ့တယ်

အခုမှအချစ်အရသာကိုခံစားဖူးတဲ့ ကလေးတစ်ယောက်လို လီလီပြုံးနေပြီး အမ်မာရေးသွားတဲ့စာကိုဖတ်မိတော့.....

"ငါသွားနှင့်ပြီ mr.yuri နဲ့"

အမ်မာနင်ကဖောက်ပြန်တယ်ပေါ့လေ စားပြီးနားမလည်တအားလုပ်တာပဲ

လီလီဖုန်းဖွင့်ပြီးအမ်မာကိုဆက်မယ်လုပ်တော့ ဆေးရုံကလုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဓာတ်ပုံပို့လာတာငါတွေ့တယ်

ဂျေး_"လီလီ အမ်မာက လက်ထပ်တော့မှာလား ငါသူနဲ့ mr.yuriကို တရားရုံးထဲအတူတူဝင်သွားတာတွေ့လိုက်တယ်

"မသိဘူး"
ငါဂျေးကို မေးလ်ပြန်ပို့ပြီးတာနဲ့ ထိုင်ခုံပေါ် ရုပ်ကြိုးပျက် ထိုင်ချမိတယ်

ငါအနိုင်ရပြီလို့ထင်နေခဲ့ပေမဲ့ရှုံးနေတုန်းပဲလား
.
.
.
.
.
"လီလီ နင်ဘာစားမလဲ ငါအခုအပြင်ရောက်နေလို့ ဝယ်ခဲ့ပေးမယ်"

"mr.yuri နဲ့လား "

"....."
လီလီကဘာပြောချင်နေတာလဲ

"အင်း အမြန်ပြော ဖုန်းဘေသိပ်မရှိဘူး"

"ကျေနပ်ရဲ့လား"

ငါ့ကိုအခုလို ထားခဲ့တာနင်ကျေနပ်ရဲ့လား အမ်မာ ငါ့ကိုအနိုင်ကျင့်တာအောင်မြင်သွားလို့ နင်ပျော်နေရဲ့လား

"......"

လီလီက တကယ်ကိုအရှက်မရှိတာပဲ ညက ကိစ္စကိုပြန်အစဖော်နေပြန်ပြီ

အမ်မာ မျက်နှာနီနီနဲ့ပင်

"အင်း ကျေနပ်တယ်"

အမ်မာစကားပြောပြီးတော့ သူမရဲ့အသံက သူမရဲ့လက်ရှိ မျက်နှာကိုဖော်ပြနေသလိုပဲ တိုးညှင်းနေတာကို သတိထားမိလိုက်တယ်

"နင်ကျေနပ်ရင်ပြီးရော"

တီ..တီ...တီ...

"....."
ငါဘာလုပ်မိလို့ သူ့ဘက်က ဖုန်းအရင်ချသွားတာလဲ ဟမ်! ငါဆေးရုံရောက်မှတွေ့မယ် ကြည့်ထားလိုက် လီလီ!

အမ်မာရဲ့အသံက ငါ့ကိုအရမ်း ဝမ်းနည်းစေတာပဲ သူဘာလို့ဒီလောက်ပျော်နေတာလဲ

ငါဘယ်မျက်နှာသုံးပြီး အမ်မာနဲ့စကားပြောရတော့မှာလဲ လီလီ နင်က အမ်မာအတွက် အသုံးမဝင်ဘူး

အမ်မာက နင့်ကိုအနိုင်ယူချင်ရုံသက်သက်ပဲ သိရဲ့လားလီလီ

လီလီရဲ့ မျက်လုံးထောင့်စွန်းကနေ ကြည်လင်နေတဲ့ မျက်ရည်စီးကြောင်းတစ်ခု စီးဆင်းသွားတယ်
.
.
.
.
.
@candy
thank for reading
see you

Block Them AllWhere stories live. Discover now