အမ်မာကအမြဲတမ်းအဲ့လိုပဲ လူတွေရှေ့မှာဆို သူမကိုအနိုင်ကျင့်နေရပေမဲ့ လူတွေမရှိရင် ငါသူမကို ဘာမှပြန်မလုပ်နိုင်ဘူး
အခုပဲ ကြည့် ပုံမှန်ပြောရင်ရတာကို ဒီလိုမျိုးနားနားကပ်ပြောတော့ အရမ်းကိုထူးဆန်းနေတယ်လေ
ပုံမှန်ဆိုရင် "နင်သိချင်ရင် ငါပြောပြမယ်" လို့ပြောတာက ဘာမှမထူးဆန်းဘူး ထူးဆန်းတာက အခုလိုနားနားကပ်ပြောတာပဲ
အမ်မာအဲ့လိုမျိုးပြောရတာကို ငါအလယ်တန်းတုန်းက မတော်တဆဖြစ်ပြီးထဲကနေပဲ
အဲ့တုန်းကဆို ငါအရမ်းကိုရင်တွေတုန်နေခဲ့တာ ပြီးတော့ငါတို့စကားပြောနေတုန်းက ဖြတ်တိုက်သွားတဲ့ကောင်မလေးနှစ်ယောက်ကိုလည်း ငါလိုက်ရှာပြီး မုန့်ဝယ်ကျွေးလိုက်သေးတယ်
အဲ့ကလေးမလေးတွေကို ငါဆရာမဆီခေါ်သွားပြီး ကျောင်းမှာနောက်ထပ်မပြေးရအောင် ဆုံးမခိုင်းချင်ခဲ့တာ
ဒါပေမဲ့ ငါ့သူငယ်ချင်း လူစီက မျက်လုံးပြူးပြီး "နင်ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ အဲ့ကလေးတွေက တိုက်မသွားတယ်ထားဦး နင်ဘယ်နားထိခိုက်သွားလို့လဲ ဆရာမမေးရင်ရော ဘယ်လိုဖြေမှာလဲ"
ဟုတ်ပါတယ် ဒါပေမဲ့ ငါတကယ်ကိုထိခိုက်သွားတာ အရမ်းကိုရင်တွေခုန်နေတာလေ ငါ့ကိုကြောက်အောင်သူတို့ပေါင်းကြံတာပဲ ဖြစ်ရမယ်
ဒီစကားကိုတော့ငါ လူစီဆီကိုထုတ်မပြောခဲ့ပေ မဟုတ်ရင် သူမရဲ့ ရက်စက်တဲ့အမှောင်အမိုက် စိတ်ဓာတ်နဲ့ မဟုတ်တာတွေပြောနေလိမ့်မယ်
ငါတို့ကအစကတည်းကနေအခုထိဖြူစင်တဲ့ညီအမတွေပဲ မဟုတ်ပဲ ငါတစ်ယောက်ပဲ ဖြူစင်တာ အခုဆို အမ်မာက လူနာတိုင်းကို မြူဆွယ်နေတာလေ
.
.
.
"လီလီ နင်အဖေ့အတွက် သစ်သီးတွေဝယ်ထားလား""ဒါပေါ့ ငါကနင့်လိုလူနာတွေနဲ့ ပျော်မြူးနေပြီး အဖေ့အတွက်ပါမေ့နေတဲ့ သမီးမိုက်တစ်ယောက်မဟုတ်ဘူးလေ"
"....."
"ကျေးဇူးပဲ""မလိုပါဘူး နင်လူနာတွေနဲ့ပျော်မြူးနေတဲ့အချိန်တွေကျ အဖေ့ကိုထည့်စဉ်းစားဖို့ပဲလိုတယ်"
"....."
ကားက Green မြို့ရဲ့ တိတ်ဆိတ်တဲ့လူချမ်းသာရပ်ကွက်ထဲ ချိုးကွေ့ဝင်သွားပြီး အိမ်တစ်အိမ်ရှေ့ရောက်တော့ခဏရပ်လိုက်တယ်
"အမ်မနင်ဆင်းပြီးခြံတံခါးသွားဖွင့်လေ အဖေ့ကိုစောင့်နေရအောင်မလုပ်စမ်းနဲ့"
"....."
ဟုတ်ပါပြီ ဒီတစ်ခေါက်တော့ သူမပဲပေါ့ကျွီ........
"ဟဲ့ ကားမောင်းဝင်ခဲ့တော့"
အမ်မာကိုအနိုင်ကျင့်ရတာပျော်ဖို့ကောင်းတယ်
"လီလီ ကားကိုဂိုထောင်ထဲသေချာထည့်နော်ပြီးရင်ကားထဲက အထုပ်တွေပါ ယူခဲ့ကြားလား"
"....."
ငါပြောလိုက်တာမှားသွားပုံပဲ အမှန်က ငါကသာအနိုင်ကျင့်ခံနေရတဲ့သူပဲ
.
.
.
.
.
.
@candy
thank for reading
see u next day
YOU ARE READING
Block Them All
Short Storyကလေးတို့ရေ ချစ်စရာသိုးလေးကိုစားမလို့ ဝံပုလွေက သိုးယောင်ဆောင်တာကြားဖူးပြီးသားပါနော် ဒီတစ်ခေါက်ကတော့ ချစ်စရာသိုးလေးက ဝံပုလွေကြီးကိုစားချင်လို့ပါတဲ့ Sweet Short Story girl to girl မို့အဆင်ပြေမှဖတ်ကြပါ