5

218 6 0
                                    

အဖေကိုမတွေ့ရတာအတော်ကြာခဲ့ပြီ ငါနဲ့အမ်မာ Jamari မြို့တော်ကို စာသွားသင်တဲ့အချိန်ကတည်းကပဲ

အလုပ်မရခင် စာသင်နေတဲ့အချိန်တုန်းက တစ်လတစ်ခါတောင်ပြန်မလာဖြစ်ဘူး အလုပ်ရတော့မှ နှစ်ပါတ်တစ်ခါလောက်ပြန်လာဖြစ်တာ

"မတွေ့ရတာကြာတော့ အမေ့ကျားကျားက ပိုတောင်ခန့်လာသေးတယ်နော် " လီလီကခပ်ရွဲ့ရွဲ့နဲ့ပြောလိုက်ပေမဲ့

"အဖေ့ကဘယ်သူမလို့လဲ သမီးတို့အမေရဲ့ ယောကျာ်းလေ အားလုံးထက်ပိုခန့်နေမှရမယ်"

"......."

သူကငါ့အဖေရောဟုတ်ရဲ့လား ဘာလို့အမ်မာရဲ့လေသံအတိုင်းပြောနေရတာလဲ

"ဒါပေါ့ အဖေက အမ်ရဲ့အချစ်ဆုံးအဖေလေ ဒီလောက်တော့ရှိရမှာပေါ့"

"အမ်မာကအကောင်းဆုံးနဲ့အချိုဆုံးတစ်ယောက်ပဲ သမီးရဲ့ချိုသာတဲ့ စကားလုံးတွေကိုကြားရတာအဖေ သမီးအမေရဲ့ ငယ်ဘဝတောင်အမှတ်ရသွားပြီ လီလီ အမ်မာကိုသေချာကြည့်ထားနော် ကောင်ဆိုးလေးတွေကို အနားပေးမကပ်နဲ့"

"....."
ငါကဘယ်ကပါလာပြန်တာလဲ ဒါပေမဲ့ တောင်းဆိုချက်ကိုလက်ခံပါတယ်နော် အမ်မာကို အနားကပ်လာတဲ့ကောင်းဆိုးတွေအားလုံး ပညာရသွားစေရမယ်

လီလီရဲ့စိတ်ထဲကတွေးနေမိတာကအပြင်ကသူမရဲ့မျက်နှာကြီးကပါပြုံးဖြီးလာတယ်

"လီလီသမီးဘာတွေပျော်နေတာလဲ အရမ်းပြုံးနေတယ်နော် သမီးရဲ့အဖေမသင်္ကါဖြစ်လာပြီ"

".....အဖေက အမေ့ကို အဲ့နေ့က ဝိုင်ပုလင်းအကြောင်းသိစေချင်နေတာလားဟမ်"
အမ်မာအကြောင်းတွေးမိတာကိုအပြင်လူမပြောနဲ့အဖေ့ကိုတောင်မသိစေချင်ဘူး

"လီလီသမီးရက်စက်တယ်နော်"

"ရှင်တို့ဘာအကြောင်းပြောနေကြတာလဲ ဟင်းတွေပူနေတုန်းစားရအောင် နောက်မှဆက်ပြော"

"အင်း အမ်မာ နဲ့လီလီ ဒီနေ့ဒီမှာပဲနေတော့ အဖေတို့ မီးပန်းကိုအတူကြည့်ရအောင်လေ"

"ဟုတ်ကဲ့ပါ"

"ဂျက်ရှင်ညနက်ထိနေလို့ရမယ်မထင်နဲ့နော်"

ဟီးဟီး အဲ့တာအမေ့ရဲ့အမိန့်ပဲ အဖေမလွန်ဆန်ရဲပြန်ဘူး
.
.
.
.
.
@candy
thank for reading
see u again

Block Them AllWhere stories live. Discover now