14

151 9 0
                                    

"ဪ ဒီလိုလား"

"ဒေါက်တာရဲ့အရင်မျိုးရိုးနာမည်ကိုမှတ်မိလား "

"ဟင့်အင်း " ငါမေ့ပစ်ခဲ့တာကြာပြီ

"ကျွန်တော်အခုလိုပြောတာ ဒေါက်တာစိတ်မဆိုးဖို့မျှော်လင့်ပါတယ် ပြီးတော့ စိတ်အေးအေးနဲ့သေချာစဉ်းစားပေးပါ"

"ရှင် ဘာပြောမလို့လဲ"
.
.
.
.
.
ငါဘယ်လိုလုပ်ရမလဲ အမ်မာအခုထိပြန်မလာသေးဘူး ဂျူတီ offချိန်တောင်ရောက်နေပြီ

ဪပြောရင်းနဲ့ပေါ်လာပါပြီ ဟမ် အမ်မာက ဘာလို့အဲ့ကောင်နဲ့ဖတ်နေရတာလဲ

ဒီခံစားချက်ကအမ်မာရည်းစားတွေနဲ့နမ်းနေတာကိုငါမြင်နေရတဲ့ပုံစံလိုပဲ ဟုတ်တယ် ငယ်ငယ်တုန်းက အမ်မာရည်းစားရတိုင်း ငါပါရည်းစားရလေ့ရှိတယ်

ဒါက ငါသူတို့ကိုကြိုက်လို့မဟုတ်ဘဲ အမ်မာငါ့ကိုဆူလာအောင်လို့ အမ်မာဆူလာရင် ငါက အမနင်တောင်ရည်းစားထားသေးတာပဲလို့ပြန်ပြောလိမ့်မယ် အမ်မာခဏနှုတ်ဆိတ်နေလိမ်မယ် ပြီးရင် မကြာဘူးအဲ့ကောင်လေးနဲ့အမ်မာ လမ်းခွဲလိမ့်မယ်

ဒီလိုပဲအမြဲသံသရာလည်နေခဲ့တာ တစ်နေ့ရောက်တော့ ငါအမ်မာရဲ့ uniကိုလာမလည်ခင်အချိန်ထိပဲ

အဲ့နေ့က အမ်မာနဲ့ ကောင်လေးတစ်ယောက်နဲ့က ခုံတန်းတွေပေါ်မှာထိုင်ပြီး.....နမ်းနေခဲ့တာ ငါဘာမှမတတ်နိုင်ခဲ့ဘူး

အရမ်းငိုနေခဲ့ရတယ် ငါလက်လှမ်းမမှီသလိုပဲ အမ်မာ နောက်လိုက်ဖို့လုပ်နေရင်းနဲ့ ဘာတွေက မှားယွင်းသွား မှန်းမသိမှားယွင်းသွားခဲ့တာ

စာတွေကြိုးစားခဲ့တယ် အမ်မာနဲ့တစ်ကျောင်းထဲတတ်နိုင်ဖို့ အမ်မာနားအမြဲကပ်နေခဲ့တယ် အခုထိ ငါ့ကိုအမ်မာမြင်အောင်လို့

သူမကြိုက်တာတွေပဲလုပ်ပြီးကန့်လန့်တိုက်နေခဲ့တယ် ငါ့ကိုတစ်ချက်ကလေးပြန်လှည့်ကြည့်မလားလို့

ဒါကအမြဲတမ်း မရခဲ့တဲ့ စိတ်ကူးတစ်ခုလိုပဲ ငါ့အပေါ် ဒီလိုအိမ်မက်ရအောင် လုပ်ခဲ့ပြီး သူကိုယ်တိုင်ပဲအဲ့အိမ်မက်ကို ဖျက်စီးပစ်ခဲ့တယ်

ငါရွေးခဲ့တဲ့လမ်းက လှပနေတဲ့သူမဆီဖြစ်နေခဲ့ပေမဲ့ အရွေးခံရတဲ့သူကတော့ အမြဲငါမဟုတ်ခဲ့ဖူး

အမ်မာ့ဘေးမှာကောင်လေးတွေတန်းစီနေကြတယ် ငါ့အတွက်နေရာတောင်ရှိပါ့မလား ငါသာသူ့ညီမမဟုတ်ခဲ့ရင်

ငါ့ရဲ့အဖြစ်က နွားခြေရာခွက်ထဲကဖားလိုပဲ ငါပိုင်ဆိုင်တာ သူမရဲ့ အရာအားလုံးလို့ထင်နေခဲ့ပေမဲ့ ငါ့ထက် သူမရဲ့အရာအားလုံးကိုပိုင်ဆိုင်သွားတဲ့ သူကိုတွေ့ပြီး အံ့ဩနေမိသလိုပဲ

မပိုင်ဆိုင်ရတာတွေကိုမျှော်လင့်နေရတာပင်ပန်းတယ် ဒါပေမယ့် အဲ့ပင်ပန်းမှုလေးကိုပဲ ဘာလို့စွဲလန်းနေရတာလဲ
.
.
.
.
@candy
thank for reading
see u

Block Them AllWhere stories live. Discover now