အခန်း(၇)

348 6 0
                                    

#အရာရာကိုးလ်

   

   "အလုပ်မှာ ဂရုစိုက်နော်"

"အင်းပါ သိပါတယ်လို့"

"ပြီးတော့...."

"ပြီးတော့ ဘာလဲ မြန်မြန်ပြောစမ်းပါ "

ရုံးရှေ့တွင် မှာတမ်းခြွေ၍မဆုံးဖြစ်နေသည့် ရှန့်ကို ကျွန်တော်စိတ်မရှည်ချင်။ကျွန်တော်က ခုမှ အလုပ်စဝင်သည့်လူမဟုတ်သလို၊ သူကလည်းခုမှ အကြိုအပို့လုပ်ပေးဖူးသည့်အတိုင်း။

ဘေးတွင်ဖြတ်လျှောက်သွားသည့် မန်နေဂျာကို ခပ်စိမ်းစိမ်းကြည့်ပြီး ကျွန်တော့်ကို သူ့အနားကပ်လာအောင် ဆွဲပါတော့သည်။

"နင်...မန်နေဂျာကို တတ်နိုင်သလောက်ရှောင်"

"ဘာဖြစ်လို့လဲ?မန်နေဂျာက လူကောင်းပါ၊ ငါအလုပ်ဝင်တာ ၂လတောင်ရှိနေပြီး တစ်ခါမှ ဝန်ထမ်းတွေကို ဆူတာဆဲတာမျိုးမမြင်ဖူးဘူး"

"ငါကရှောင်ဆို ရှောင်နေလိုက် ဒါပဲ"

စကားကို ခပ်ဆတ်ဆတ်ပြောပြီး ဆိုင်ကယ်မောင်းထွက်သွားသည့် ရှန့်ကို ကျွန်တော် နားမလည်နိုင်ပါ။ အူတိုလို့နေမှာပါဆိုပြီး ကျွန်တော် ကိုယ်တိုင်ဘာသိဘာသာနေလိုက်မိသည်။

"အေးးးးငါဆိုင်မှာရှိနေတုန်းပဲ၊ နင်ဘာလိုချင်လဲ?လိုချင်တာရှိလား? ဝယ်ခဲ့မယ်လေ"

"××××××"

"အေးးပြီးရော အဲ့ဒါပဲမလား? အိမ်မှာပဲစောင့်နေလိုက် ခနနေပြန်လာတော့မှာ"

ရှန်ဖုန်းချ‌ရုံရှိသေး ရုတ်တရက် ထောင့်အကွေ့ကနေ လူတစ်ယောက်နှင့်ဝင်တိုက်မိရာမှ လက်ထဲကိုင်ထားသည့် ကော်ဖီခွက်က သူ့ကိုယ်ပေါ်ဖိတ်စင်ကျပါတော့သည်။

"Oh shit! "

"အို..ဆော ဆောရီးနော် အကိုနည်းနည်းလောသွားလို့၊ "

"ဟူးးရပါတယ် မတော်တဆဖြစ်သွားတာပဲ"

စိတ်ထဲဒေါသများအဆမတန်ဆူပွတ်ပြီး ထွက်လာပေမဲ့ အတတ်နိုင်ဆုံးချုပ်တည်းထားလိုက်ရသည်။

"အကို အဝတ်အစားသစ်ပြန်ဝယ်ပေးပါ့မယ် ၊ညီ..ဒီပုံစံနဲ့ဆို သွားလာရ အဆင်မပြေလောက်ဘူးထင်တယ်"

အရာရာ ကိုးလ်Where stories live. Discover now