အခန်း(၅)

58 1 0
                                    

လွန်ခဲ့သော တနင်္လာနေ့ကတွေ့ခဲ့ရသော မမနွယ်သည် ဖြူ့စိတ်ထဲအတော်ပင်စိုးမိုးလွန်းလှသည်။မမနွယ်နှင့်တွေ့ပြီးသည့် ထိုတနင်္လာနေ့မှစ၍ ဖြူ့စိတ်ထဲမယ် မမနွယ်၏မျက်နှာလေးကိုသာအမြဲလိုပင်မြင်ယောင်နေမိသည်။မမနွယ်နှင့်သာစကားများပြောချင်နေမိသည်။အဘယ်ကြောင့် ဖြူ့စိတ်များ ဤသို့ဤပုံဖြစ်နေရသည်ကိုဖြူမသိပါ။သို့သော် မမနွယ်၏ ပုံရိပ်ကလေးများ အသံကလေးများအား တွေးကြည့်နေရရုံဖြင့်ပင်ဖြူပျော်မိပါသည်။ထို့ကြောင့် တနင်္လာနေ့လေးရောက်ရန်သာ တမျှော်မျှော်ဖြစ်နေရသည်။
ဖြူစောင့်မျှော်ခဲ့ရသောတနင်္လာနေ့လေးသည်ရောက်ရှိလို့လာခဲ့ပါသည်။ဖြူ ပန်းဆိုင်လေးသို့သွားရန်သိပ်ကိုပင်တက်ကြွလွန်းနေမိသည်။ထို့ကြောင့် ဖြူလဲပန်းဆိုင်သို့သွားရန်အလှဆုံးဖြစ်‌အောင်ပြင်ဆင်လိုက်သည်။ဖြူသည် အသားဖွေးသူမို့ မျက်နှာ‌ချေမှုန့်အနည်းငယ်လိမ်းလိုက်ရုံဖြင့်ပင် ပြည့်စုံအောင်လှပပါသည်။ထို့ကြောင့်ဖြူသည် မျက်နှာပြင်‌ပေါ်တွင် မျက်နှာချေမှုန့်အနည်းငယ်တင်ကာ နှုတ်ခမ်းလေးအား ဆိုးဆေးအနီ မရဲတရဲလေးဆိုးလိုက်သည်။ထို့နောက် အစိမ်းနုရောင်ရင်ဖုံးလေးအား ပါတိတ်လေးဖြင့်တွဲဝတ်လိုက်ပြီး ခေါင်းပေါ်တွင်လဲ ခေါင်းစည်းပုဝါအပျော့သားလေးဖြင့် စည်းနှောင်လိုက်သည်။ပန်းဆိုင်သို့ စက်ဘီးဖြင့်သာသွားမည်ဖြစ်သောကြောင့် ခေါင်းစည်းပုဝါလေးအားနေပူဒဏ်အနည်းငယ်ကွယ်စေရန်စည်းလိုက်ခြင်းဖြစ်သည်။ထို့နောက် ကတ္တီပါဖိနပ်အပါးကလေးအားဝတ်ဆင်ကာစက်ဘီးကလေးဖြင့် ပန်းဆိုင်သို့သွားရန်ပြင်လိုက်သည်။ဖြူ စက်ဘီးလေးအားစီးကာသွားမည့်အချိန်တွင် ခြံထဲ၌သတင်းစာဖတ်ကာထိုင်နေသောဖေဖေသည်
"ဒါဘယ်သွားမလို့လဲနှင်းဆီဖြူ"ဟုခေါ်ကာမေးသောကြောင့်ဖြူလဲ စက်ဘီးလေးအားရပ်လိုက်ကာ

"ဖြူ ပန်းဆိုင်သွားမို့ပါဖေဖေ။"

"ပန်းဆိုင်မသွားခင် ငါ့အနားအရင်လာခဲ့ပါအုံး။"

ဖြူလဲ ဖေဖေခေါ်သောကြောင့်စက်ဘီးကလေးအားဒေါက် ထောက်ကာဖေဖေရှိရာအနားသို့သွား၍ လွတ်နေသောခုံတစ်ခု၌ဝင်ထိုင်လိုက်ကာ

မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိWhere stories live. Discover now