တန်ခူးလ၏လပြည့်နေ့မနက်ခင်းသည် ပုံမှန်မနက်ခင်းတစ်ခုဆိုသော်ငြားလဲ ဖြူ့အတွက်တော့သိပ်ကိုသာယာသောနေ့လေးတစ်နေ့ဖြစ်လို့နေသည်။အကြောင်းမှာတော့ ယနေ့တွင် မမနွယ်နှင့်အတူ အချုပ်နှောင်များနှင့်ကင်းလွှတ်ရာနေရာတစ်ခုဆီသို့ ထွက်ပြေးခွင့်ရတော့မည်။ဖြူသည် ကြိုတင်စဉ်းစားထားခဲ့သောအစီစဉ်များအတိုင်း ပထမဦးစွာ အိမ်မှထွက်နိုင်ရန်စတင်စီစဉ်လေသည်။
မနက်ရှစ်နာရီထိုးပြီမို့ ဖေဖေသည် မနက်စာစားရန်ထမင်းစားခန်းသို့ရောက်လာသည်။ဖြူလဲဖေဖေလာသည်နှင့် "ဖေဖေ မနက်စာစားတော့မလားဟင်။"ဟုမေးလိုက်သည်။
"အေး စားတော့မလို့။"
"ဒီမှာဖေဖေ့အတွက်ဖြူကိုယ်တိုင်ကိုယ်ကျမုန့်ဟင်းခါးလေးချက်ထားတယ်။"ဟုပြောကာ ဖေဖေ့အရှေ့သို့မုန့်ဟင်းခါးပန်းကန်ချပေးလိုက်သည်။
ဖေဖေသည် ဖြူ့အားတစ်ချက်ကြည့်ပြီးနောက် မုန့်ဟင်းခါးအားစစားလေသည်။ဖြူ့လက်ရာကိုကြိုက်လို့ထင်သည် ဖေဖေသည် ဖြူ့အားချီးကျူးစကားတစ်ခွန်းပင်မပြောသော်လဲ မုန့်ဟင်းခါးကိုတော့အားပါးတရသေချာစားနေသည်။မုန့်ဟင်းခါးအားတစ်ဝက်လောက်ထိစားပြီးသည့်အချိန်တွင်ဖေဖေသည် ဖြူ့အားကြည့်လာကာ
"နင်ကမစားပဲဘာရပ်ကြည့်နေတာလဲ။ငါနဲ့အတူလာစားလေ။"ဟုခေါ်လေသည်။
"မစားသေးပါဘူးဖေဖေ ဖြူ ဖေဖေစားပြီးမှပဲစား
လိုက်ပါ့မယ်။"ဖေဖေသည် ဘာမှဆက်မပြောတော့ပဲမုန့်ဟင်းခါးကိုသာဆက်စားနေသည်။
"ဖေဖေထပ်ထည့်အုံးမလားဟင်။"
မုန့်ဟင်းခါးတစ်ပွဲနဲ့တစ်ဝက်ကုန်သွားသောဖေဖေ့အားထပ်ယူအုံးမလားဟုဖြူမေးလိုက်သည်။
"တော်ပြီ ငါဗိုက်ပြည့်သွားပြီ ဒီနေ့ ချက်ထားတာလက်ရာကောင်းတယ်"ဟုပြောကာ ထမင်းစားပွဲမှထွက်သွားလေသည်။
ဦးမြတ်သူထွက်သွားသည်နှင့်ထမင်းစားခန်း၌ကျန်ခဲ့သောဖြူသည် နှုတ်ခမ်းလေးအားလှုပ်ရုံမျှပြုံးကာကျန်ခဲ့သည်။အိမ်မှထွက်ရန် ပထမဆုံးအဆင့်အောင်မြင်ပြီမို့ ဒုတိယအဆင့်ထပ်အောင်မြင်ရန်အချိန်တစ်ခုစောင့်ဖို့သာလိုတော့သည်။မကြာခင်
ဖြူသည် လွတ်လပ်စွာပျံသန်းနိုင်တော့မည့် ငှက်ကလေးပမာ ဖြူ့ဘဝကိုဖြူပိုင်တော့မည်။
![](https://img.wattpad.com/cover/346252183-288-k884752.jpg)
YOU ARE READING
မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိ
Romance"ဘာတွေများတွေးနေတာလဲ နွယ့်ရဲ့အမျိုးသမီးလေးရဲ့။" "အို ဘယ်လိုတောင်ခေါ်လိုက်တာလဲ ရှက်ရအောင်။" "မရှက်ပါနဲ့ကွယ်။နွယ့်ရဲ့အမျိုးသမီးလေးမလို့ အမျိုးသမီးလေးလို့ခေါ်လိုက်တာကိုကွယ်။"