အခန်း(၆)

38 1 0
                                    

အဖြူသည် ရုတ်တရက်ထွက်သွားခဲ့သည့် လွန်ခဲ့
သောတနင်္လာနေ့မှစ၍ ယခု လေးပတ်ကြာသည့်အချိန်ကာလတစ်ခုအထိပင် နွယ့်အရှေ့အားပြန်ပေါ်မလာပေ။အဖြူ ဘာကြောင့်များထွက်သွားရသည်ကို နွယ်မသိပေမယ့် နွယ် အဖြူ့အားသိပ်ကိုသတိရမိသည်။အဖြူ့ကိုလဲသိပ်ပင်တွေ့ချင်လှသည်။အဖြူ့၏မိဘများသည် ချမ်းသာသောကုန်သည်သူ‌ေဌးများဖြစ်သောကြောင့် အဖြူ့၏အိမ်အားရှာရန်လွယ်ကူသော်လဲ နွယ်သွားမတွေ့ရဲခဲ့ပါ။အဖြူတို့သည် မျက်နှာကြီးမျိုးများမို့ နွယ့်လိုသာမန်လူတစ်ယောက်သွားတွေ့ဖို့ရာမဝံ့မရဲဖြစ်မိခြင်းကြောင့်ပင်။ထို့ကြောင့် အဖြူ့
နွယ့်၏ပန်းဆိုင်လေးသို့အလာကိုသာမျှော်နေမိသည်။နွယ် ပန်းများစီ၍အဖြူ့အ‌ကြောင်းအားစဉ်းစားနေစဉ် နွယ့်၏နောက်မှအဖြူ၏ခေါ်သံအားရုတ်တရက်ပင်ကြားလိုက်ရသည်။

"မမနွယ်...."

အဖြူ့ကိုရုတ်တရက်မြင်လိုက်ရသဖြင့် နွယ် သိပ်ကိုအံ့ဩမိသွားသည်။နွယ်လဲ စီလက်စပန်းများအားဘေးသို့ခဏချကာ အဖြူ့လက်ကလေးတင်းကြပ်စွာပင်ဆွဲကိုင်လိုက်၍

"အဖြူ..အဖြူ..အဖြူသိပ်ဆိုးတယ်ကွယ်။ဘာကြောင့်များ နွယ့်အရှေ့ကနေဒီလောက်ကြာအောင်ပျောက်သွားရသလဲကွယ် ပြောစမ်းပါအုံး။နွယ်ဖြင့် အရမ်းကိုစိတ်ပူခဲ့ရတာ အဖြူသိသလား။"ဟုလက်ကလေးအားကိုင်ကာ တုန်ရင်သောအသံကလေးဖြင့်ပြောသည်။

ဖြူလဲမိမိလက်လေးအားတင်းကြပ်စွာကိုင်၍ မိမိအားစိတ်ပူသောစကားလုံးများဖြင့်ပြောနေသောမမနွယ်၏လက်ကလေးအားတင်းကြပ်စွာပြန်ကိုင်လိုက်ကာ

"ဖြူ တောင်းပန်ပါတယ် မမနွယ်။မမနွယ်ကိုစိတ်ပူစေမိတဲ့အတွက်ဖြူတောင်းပန်ပါတယ်။ဘာပဲဖြစ်ဖြစ် အခုမမနွယ်အရှေ့ကိုဖြူရောက်လာပြီနော်။မမနွယ်ဘာမှစိတ်မပူနဲ့တော့နော်သိလား။"

"အဖြူနောက်ဆို မပြောမဆိုမပျောက်သွားစမ်းနဲ့ကွယ်။နောက်တစ်ခါမပြောမဆိုပျောက်သွားရင်ဖြင့် အဖြူ့ကို မမနွယ် သိပ်စိတ်ဆိုးမယ် သိသလား။"

"ဟုတ်ပါပြီရှင်။ဟုတ်ပါပြီ။နောက်ဆို မပြောမဆိုပဲပျောက်မသွားတော့ဘူးနော်။အို..ဒါနဲ့မမနွယ် ပန်းစီနေတာမဟုတ်လား။လာပါ ဖြူပါကူစီပေးမယ်နော်။"
ဟုပြောကာဘေးတွင်ချ‌ထားသော ပန်းကလေးများအားကောက်ကိုင်၍ စီနေတော့သည်။

မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိWhere stories live. Discover now