ဒေါက်....ဒေါက်....ဒေါက်...ဒေါက်...
"အခန်းရှေ့မှာ ဘယ်သူက တံခါးကို အဆက်မပြတ်ခေါက်နေတာလဲ။ဝင်ခဲ့လေ။"
"အရေးတကြီး ဘာပြောစရာရှိနေတာလဲ။""သူဌေးကြီး ကျွန်တော် မမလေးနဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုတော့ ရခဲ့ပါပြီ သူဌေးကြီး။"
"ဘာ..ငါ့ကိုအကြောင်းစုံပြောပြစမ်း။အခုငါ့သမီးဘယ်မှာလဲ နေရာအတိအကျသိခဲ့ရတာလား။ငါ့ကိုအမြန်ပြောစမ်း။"
"ဒီလိုပါသူဌေးကြီး။ဒီနေ့ ကျွန်တော် ဒီမြို့နဲ့အနီးတစ်ဝိုက်က မြို့တစ်ခုကိုသွားခဲ့ပါတယ်။အကြောင်းကတော့ မမလေးသတင်းစုံစမ်းဖို့ပဲသွားခဲ့တာပါ။ကျွန်တော်သွားတဲ့မြို့မှာ မမလေးနဲ့အတူထွက်ပြေးသွားတဲ့အမျိုးသမီးကိုတွေ့ခဲ့ရပါတယ်။"
"ဟုတ်လား။ဒါဖြင့်ဆက်ပြောစမ်းပါအုံး။"
"အဲ့အမျိုးသမီးက အဲ့မြို့ရဲ့ပန်းဆိုင်တစ်ဆိုင်ကိုပန်းတွေလာသွင်းပုံရပါတယ်။ကျွန်တော်လဲအဲ့အမျိုးသမီးနောက်ကို နောက်ယောင်ခံမပြတ်လိုက်ကြည့်ခဲ့ပါတယ်။ဒါပေမယ့်..ဒါပေမယ့် ရွာတွေနဲ့နီးတဲ့တစ်နေရာအရောက်မှာ အဲ့အမျိုးသမီးကို ကျွန်တော် မျက်ခြေပြတ်သွားပါတယ်သူဌေးကြီး။"
"ဟာ မင်းကအလုပ်ကိုသေချာမလုပ်ဖူးကွာ။မိန်းမတစ်ယောက်ရဲ့အနောက်ကိုတောင် မင်းက သေချာနောက်ယောင်ခံ မလိုက်နိုင်ဘူးလားကွ။"
"စိတ်မပူပါနဲ့သူဌေးကြီး ကျွန်တော် အဲ့အမျိုးသမီးကိုမျက်ခြေပြတ်သွားတဲ့နေရာမှာ ရွာက လေး ငါးရွာပဲရှိတာကြောင့် မမလေးနဲ့အဲ့အမျိုးသမီးက အဲ့နားက တစ်ရွာရွာမှာပဲ ပုန်းခိုနေမှာသေချာပါတယ် သူဌေးကြီး။"
"အေ ငါ့သမီး ဘယ်ရွာမှာရှိနေတယ်ဆိုတာကို အမြန်ဆုံးငါသိချင်တယ်။မင်း အမြန်ဆုံးစုံစမ်းပါ။"
"ဟုတ်ကဲ့ ကျွန်တော်အမြန်ဆုံးစုံစမ်းလိုက်ပါ့မယ်သူဌေးကြီး။"
"မင်းသွားလို့ရပြီ။"
ဦးမြတ်သူသည် သူ၏လူရုံထွက်သွားသည်နှင့် မဲ့ပြုံးတစ်ချက်ပြုံးကာ
"မြနွယ်ရုံ...မြနွယ်ရုံ မင်းငါ့ရဲ့လက်ကပြေးလို့မလွတ်ပါဘူးကွာ။မင်းနဲ့ငါ့သမီးကိုရအောင်ရှာပြီး မင်းတို့နှစ်ယောက်ကို မရ ရအောင်ခွဲပြမယ်။မင်းစောင့်နေ မြနွယ်ရုံ..မင်းစောင့်နေ။"
YOU ARE READING
မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိ
Romance"ဘာတွေများတွေးနေတာလဲ နွယ့်ရဲ့အမျိုးသမီးလေးရဲ့။" "အို ဘယ်လိုတောင်ခေါ်လိုက်တာလဲ ရှက်ရအောင်။" "မရှက်ပါနဲ့ကွယ်။နွယ့်ရဲ့အမျိုးသမီးလေးမလို့ အမျိုးသမီးလေးလို့ခေါ်လိုက်တာကိုကွယ်။"