"မမနွယ်..မမနွယ်..မမနွယ်"
"ဟင်..အင်း ပြောလေ အဖြူ။"
"မမနွယ်ငြိမ်သွားလို့ ဖြူခေါ်တာလဲပြန်မထူးလို့။ကဲ ပြောပါအုံး ဖြူနဲ့အတူရှိနေတာကိုဘာတွေများ တွေးနေရသလဲ။"ဟု ဆူဆူပုတ်ကလေးမေးလေသည်။
"အို..ဘာမှမတွေးရပါဘူးကွယ်။ဒါတွေထားပါတော့ မမနွယ်တို့ပြန်ကြရအောင်လေ။"
"အခုမှသုံးနာရီပဲရှိသေးတာကို ပြန်ရတော့မှာလား။"
"အို..အဲ့လိုပြောတာမဟုတ်ဖူးလေကွယ်။မမနွယ်တို့ဘုရားကအပြန် အကြော်လေးဝင်စားရအောင်ပါ။ပြီးတော့ စက်ဘီးကလေးလဲခဏပတ်စီးကြမယ်လေ။"
"အာ အကြံကောင်းသားပဲ။ဒါဆိုရင်ဖြင့် ပြန်ကြရအောင်လေ။"
ဖြူသည် မမနွယ်၏စက်ဘီးနောက်မှလိုက်စီးကာ ဘုရားနားရှိအကြော်ဆိုင်လေးသို့ရောက်ရှိလာခဲ့သည်။ထို့နောက် အကြော်တဲလေး၏နေရာလွတ်တစ်ခုတွင်နှစ်ယောက်ဝင်ထိုင်လိုက်ကာ
"ဒေါ်ဒေါ်ရေ သမီးတို့ကိုအကြော်စုံတစ်ပွဲချပေးပါနော်။"ဟုမမနွယ်မှမှာလိုက်သည်။
ဆိုင်ရှိအကြော်သည်အန်တီကြီး၏သမီးလေးသည် ဖြူတို့ထိုင်နေသောစားပွဲဝိုင်းဆီသို့ အကြော်စုံတစ်ပန်းကန်နှင့်အတူ ရေနွေးအိုးနှင့်ရေနွေးခွက်လေးပါတစ်ပါထဲချပေးသည်။အကြော်လေးများမှာမွှေးလွန်းနေသောကြောင့်ဖြူတို့လဲအားရပါးရပင်စားလိုက်ကြသည်။ဖြူသည် ယခုလိုအစားစာမျိုးအားငယ်ငယ်ထဲကပင်မစားဖူးသောကြောင့် အကြော်စုံအားမစားဖူးသောအစားသောက်တစ်ခုသဖွယ်စားနေမိသည်။ဖြူအားရပါးရစားနေသည်ကိုမမနွယ်သည်ကြည့်၍
"အဖြူ ဖြည်းဖြည်းစားနော် နင်နေပါ့မယ်ကွယ့်။ကဲရော့ ဒီမှာရေနွေးလေးသောက်လိုက်အုံး မမနွယ်နွေးနွေးလေးဖြစ်အောင်လုပ်ပေးထားတယ်။"
ဖြူလဲမမနွယ်ကမ်းပေးသောရေနွေးခွက်လေးအားယူကာ တကျိုက်တည်းပင်သောက်လိုက်သည်။
ထို့နောက် ဘူးသီးကြော်လေးအားချဉ်စပ်ရည်ဖြင့်တို့၍တစ်ကိုက်ကိုက်ကာ"အကြော်တွေကသိပ်စားလို့ကောင်းတာပဲမမနွယ်ရယ်။ဖြူဖြင့်လေ ဒီလောက်ကောင်းတဲ့အကြော်မျိုးကိုမစားဖူးဘူး။"
YOU ARE READING
မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိ
Romance"ဘာတွေများတွေးနေတာလဲ နွယ့်ရဲ့အမျိုးသမီးလေးရဲ့။" "အို ဘယ်လိုတောင်ခေါ်လိုက်တာလဲ ရှက်ရအောင်။" "မရှက်ပါနဲ့ကွယ်။နွယ့်ရဲ့အမျိုးသမီးလေးမလို့ အမျိုးသမီးလေးလို့ခေါ်လိုက်တာကိုကွယ်။"