အိမ်သို့ပြန်ရောက်သည်နှင့် ဖြူလဲ အခန်းထဲသို့တန်းဝင်ကာ ကုလားထိုင်၌ထိုင်၍စီးကရက်များတစ်လိပ်ပြီးတစ်လိပ်သာသောက်နေမိသည်။ဖြူဒီနေ့တော့ မမနွယ်ဆီသို့လဲမသွားနိုင်တော့ပါလေ။ညနေထမင်းစားချိန်ရောက်သည်အထိဖြူအခန်းအပြင်မထွက်သောကြောင့် အိမ်တော်ထိန်း မယ်ယဉ်မှဖြူ့အားလာခေါ်လေတော့သည်။
ဒေါက်..ဒေါက်..ဒေါက်
ဖြူလဲတံခါးခေါက်သံကြားသည်နှင့်"မယ်ယဉ်လား ဖြူဒီည ညစားမစားတော့ဘူး ဒါကြောင့်မယ်ယဉ်နားလိုက်တော့။"ဟု လှမ်းပြောလိုက်သည်။ထိုအခါ မယ်ယဉ်သည်"ဟို... မမလေး.. မမလေးကို သူဌေးကြီးကစာဖတ်ခန်းထဲမှာတွေ့ဖို့ခေါ်ခိုင်းလိုက်လို့ပါ။"ဟု အပြင်ဘက်မှ စကားပြန်လေသည်။မယ်ယဉ်၏စကားအဆုံး၌ဖြူလဲ ခပ်ယဲ့ယဲ့အပြုံးတစ်ခုပြုံးလိုက်ကာ "အော် ရင်ဆိုင်ရတော့မှာပါလားလေ ကိုခန့်နောင်.. ကိုခန့်နောင်.. ရှင့်ရဲ့ ယောကျာ်းမဆန်ချက်ကတော့ နေ့တောင်မကူးပဲဖေဖေ့ကိုအပူကပ်လိုက်ပြန်ပြီပဲ"ဟုစိတ်ထဲမှရေရွတ်မိလိုက်သည်။ထို့နောက်မယ်ယဉ်အား
"ဖြူလာခဲ့ပါ့မယ်လို့ဖေဖေ့ကိုပြောလိုက်ပါ။"
"ဟုတ်ကဲ့မမလေး။"
ဖြူလဲအနည်းငယ်ရှုပ်ပွနေသောဆံပင်များအား ဘီးဖြင့် တစ်ချက် နှစ်ချက်ဖြီးလိုက်သည်။ထို့နောက် စိတ်ကိုအတတ်နိုင်ဆုံးပင်ထိန်းလိုက်ကာဖေဖေ့အားရင်ဆိုင်ရန်စာဖတ်ခန်းသို့ဆင်းလာခဲ့သည်။စာဖတ်ခန်းရှေ့သို့ရောက်သောအခါ တံခါးအားနှစ်ချက်ဆင့်ခေါက်ကာ ဖွင့်လိုက်ပြီး
"ဖေဖေ ဖြူ့ကိုခေါ်တယ်ဆို။"
စာဖတ်နေသောဖေဖေသည်ဖြူ့အား တစ်ချက်မော့ကြည့်၍ "လာထိုင်"ဟူသောစကားတစ်ခွန်းပြောပြီးနောက် ဖတ်လက်စစာအုပ်အားဆက်ဖတ်နေလေသည်။ဖြူလဲ ခေါင်းတစ်ချက်ငြိမ့်ပြကာ နေရာလွတ်ခုံတစ်ခု၌ဝင်ထိုင်လိုက်သည်။ ဖြူထိုင်လိုက်ပြီးသည်နှင့်တစ်ပြိုက်နက် ဖေဖေသည် ဖတ်လက်စစာအုပ်အား ပိတ်လိုက်၍ ဖြူ့အား ခနဲ့တဲ့တဲ့ မျက်လုံးများဖြင့်ကြည့်ကာ
"စီးကရက်အနံ့တွေလဲ မွှန်လို့ပါလား အကျင့်တွေသိပ်ပျက်နေတယ်ပေါ့ ဟုတ်လား နှင်းဆီဖြူ။"
YOU ARE READING
မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိ
Romance"ဘာတွေများတွေးနေတာလဲ နွယ့်ရဲ့အမျိုးသမီးလေးရဲ့။" "အို ဘယ်လိုတောင်ခေါ်လိုက်တာလဲ ရှက်ရအောင်။" "မရှက်ပါနဲ့ကွယ်။နွယ့်ရဲ့အမျိုးသမီးလေးမလို့ အမျိုးသမီးလေးလို့ခေါ်လိုက်တာကိုကွယ်။"