အခန်း(၁)

137 3 0
                                    

ညို့မှိုင်းသောသံစဉ်များအခန်းငယ်အတွင်း၌ ဆွေးမြေ့စွာထွက်ပေါ်လာခြင်းနှင့်အတူဆေးလိပ်ငွေ့များမှာလဲအခန်းငယ်အတွင်းပျံ့လွင့်နေခဲ့သည်။အဝါရောင်ရင်ဖုံးလေးအားပါတိတ်ထဘီလေးဖြင့်ပနံသင့်စွာဝတ်စားထား၍ဆံပင်အားခပ်ပြေပြေစည်းနှောင်ထားသောမိန်းကလေးတစ်ဦးသည် အခန်းတွင်းရှိကြိမ်ကုလားထိုင်၌ခြေတစ်ဖက်ချိတ်ထိုင်ကာ ဆေးလိပ်များတစ်လိပ်ပြီးတစ်လိပ်ပင်သောက်နေခဲ့သည်။‌ ဆေးလိပ်အတိုအစများအခန်း၏ကြမ်းပြင်ပေါ်တွင်မရေမတွက်နိုင်အောင်များပြားနေသော်လဲထိုမိန်းကလေးမှာဆေးလိပ်သောက်ပင်မပျက်ပေ။မိန်းကလေးသည်ဆေးလိပ်များတစ်လိပ်ပြီးတစ်လိပ်သောက်ကာ အခန်းအတွင်းရှိပြတင်းတံခါးအား ညို့မှိုင်းသောမျက်ဝန်းများဖြင့်ခပ်ဆွေးဆွေးပင်ကြည့်နေပြန်သည်။ထိုသို့ပြတင်းတံခါးအားခပ်ဆွေးဆွေးကြည့်၍ဆေးလိပ်‌ငွေ့များအားရှူရှိုက်နေစဉ်

ဒေါက်~~ဒေါက်~~ဒေါက်~~~

တံခါးခေါက်သံကြားသောကြောင့် "ဝင်ခဲ့ပါ"ဟုပင်အသံပြုလိုက်သည်။ထိုအခါ အိမ်အစေခံလေးတစ်ဦးမှတံခါးဖွင့်ဝင်လာကာ

"မမလေး မမလေးကို သူဌေးကြီးကခေါ်ခိုင်းလိုက်လို့ပါရှင့်။အခုချက်ချင်း မမလေးကိုဧည့်ခန်းထဲမှာတွေ့ချင်ပါတယ်တဲ့ရှင့်။"

အိမ်အစေခံလေး၏စကားကြောင့်သက်ပြင်းတစ်ချက်အားခပ်ယဲ့ယဲ့ပင်ချမိကာ

"ကောင်းပြီ ဖြူလာခဲ့မှာမလို့ခဏစောင့်ပေးဖို့ပြောပေးပါနော်။"

"ဟုတ်ကဲ့မမလေး။"

အိမ်အစေခံလေးထွက်သွားသည်နှင့် ဖြူလဲလျော့ရဲစွာစည်းနှောင်ထားသောဆံပင်လေးအားပြင်ကာ ဆေးလိပ်သောက်ထားသောကြောင့်ညိုမှိုင်းနေသောနှုတ်ခမ်းများအားအရောင်ထပ်ပြီးနောက် ဖေဖေနှင့်တွေ့ရန်ဧည့်ခန်းထဲသို့ဆင်းလာလိုက်သည်။ဖေဖေသည် ဧည့်ခန်းထဲ၌သတင်းစာဖတ်ကာဖြူ့အားစောင့်နေလေသည်။ဖြူလဲဧည့်ခန်းအတွင်းရှိကြိမ်ကုလားထိုင်၌ထိုင်လိုက်ကာ...

"ဖြူ့ကိုဘာကိစ္စရှိလို့များခေါ်တာ‌လဲဖေဖေ။"

ဖြူ့အမေးကြောင့်ဖြူ၏အဖေသည်ဖတ်လက်စသတင်းစာအားစားပွဲပေါ်သို့ချလိုက်ကာ

"အကြောင်းကတော့ လာမယ့်စနေနေ့မှာ မြို့စားမင်းကမိသားစုလိုက်ထမင်းစားဖိတ်ထားတဲ့အတွက်သွားရမယ်။အဲ့တာလိုက်ခဲ့ဖို့ပဲ။"

ဖေဖေ့အပြောကြောင့်ဖြူသိပ်စိတ်ရှုပ်သွားသည်။ဖြူသိပါသည် မြို့စားမင်းအိမ်သို့ထမင်းစားသွားရခြင်းသည်အခြားတော့မဟုတ် ဖြူ့အားမြို့စားမင်း၏သားဖြင့်နေရာချရန်သားရေးသမီးရေးများဆွေးနွေးရန် ဒီရည်ရွယ်ချက်များဖြင့်သွားခြင်းကိုဖြူသိပါသည်။ဖြူသိပ်ကိုပင်စိတ်ညစ်မိသည်။ဖြူသည် စိတ်ပျက်သောပုံစံဖြင့်

"ဖြူမလိုက်..."

"မင်းဆီကခွင့်ပြုချက်တောင်းတာမဟုတ်ဘူး။ငါကမင်းကိုအသိပေးရုံပဲ။မင်းကငါ့သမီးမလို့မင်းမှာငြင်းပိုင်ခွင့်မရှိဘူး။ဒါငါ့အမိန့်ပဲ။"

ဖြူ၏စကားများမဆုံးသေးမှီမှာပင်ဖေဖေသည်ပြောချင်ရာများကိုပြောကာထသွားခဲ့သည်။
ဖြူသည်မိမိအခန်းထဲ၌တိတ်တဆိတ်ပင်ငို‌ေကြွးမိသည်။ဖြူဤသို့ငိုခဲ့ရသည်မှာ နေ့ရက်တိုင်းလိုပင်။ဖြူ၏ဖေဖေသည် သိပ်ကိုချမ်းသာသောကုန်သည်သူဌေးတစ်ယောက်ဖြစ်သည်။ဖြူ၏မေမေမှာတော့ရွှေဆိုင်ပိုင်ရှင်သူဌေးပင်ဖြစ်သည်။ဖြူ၏မိဘများသည် သိပ်ကိုငွေဂုဏ်စည်းစိမ်ဂုဏ်များမောက်ကြပါသည်။ရာထူးအာဏာများကိုလဲသိပ်မက်မောကြသည်။အဆင့်အတန်းလဲသိပ်ကိုပင်ခွဲခြားကြသည်။ထို့ပြင် ဖြူ့အပေါ်လဲ မိဘမေတ္တာများဘယ်သောအခါတွင်မျှမပေးခဲ့ကြချေ။ဖြူသည် မိဘနှစ်ပါး၏နယ်ရုပ်လေးတစ်ခုလိုပင် ထားရာနေစေရာသွားရသောဘဝပင်ဖြစ်သည်။မိဘနှစ်ပါး၏အမိန့်အားတစ်သွေမတိမ်းလိုက်နာရသောသူပင်။ယခုလဲ ဖြူ့အဖေ၏အမိန့်အားလွန်ဆန်နိုင်စွမ်းမရှိပါလေ။ဖြူ၏လက်ရှိဘဝအားသိပ်ကိုပင်မုန်းမိပါသည်။ဖြူ  ဖေဖေတို့နှင့်ဝေးရာအားသိပ်ကိုထွက်ပြေးချင်မိသည်။လှောင်အိမ်ဘဝထဲမှရုန်းထွက်ချင်မိပါသည်။

ဆက်ရန်>>>

မြနွယ်ရုံနှင့်နှင်းဆီဖြူ (သို့မဟုတ်) ၁၉၈၀အတ္ထုပတ္တိWhere stories live. Discover now